နောက်ကျိနေတဲ့ ခေါင်းကြောင့် စေရိုးရာ
မျက်လုံးဖွင့်ဖို့ အတော်လေး အားယူ လိုက်ရသည်။မျက်ရိုးတွေကို ဖိနှိပ်လိုက်ရင်း မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ အပေါ်မျက်နှာကျက်ဖြူဖြူက မိမိအခန်းမျက်နှာကျက်နှင့် ခြားနားစွာ။ဆန်နီတို့အိမ် မျက်နှာကျက်နှင့် ဆင်တူလေသည်။သူအကြောင်သားနှင့်သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။What the!
ဝတ်လစ်စလစ် ဖြစ်နေတဲ့ ခန္ဓာကိုယ်ကြောင့်
ကိုယ့်ကိုယ်ကို ကျိန်ဆဲမိလေသည်။
ထိုစဥ် ဒီနေ့ခေတ်က ရေချိုးခန်းလို့ ထင်ရ
သည့် အခန်းမှ ခေါင်းရေစက်လက်နှင့်
ထွက်လာလေသည်။ထိုသူက ကြောင်တောင်တောင်ဖြစ်နေသော သူ့ကို
မြင်တော့ ပါးစပ်က နားရွက်တပ်ချိတ်တော့
မတတ် ပြုံးကာ"နိုးနေပြီလား"
"သြော် ဟို အမ်း"
ဒီနေ့ခေတ်က အယောင်ယောင်၊အမှားမှား
ဖြစ်နေသော သူ့နားသို့ ရေစိုနေသော ခေါင်းကို သုတ်ရင်း လျှောက်လာလေသည်။
ထို့နောက် သူ့ကို ပြုံးပြကာ ခေါင်းကို ခပ်ဖွဖွ
လှမ်းကိုင်၍"ဧကန္တ ညက ကိစ္စကို မမှတ်မိတော့တာတော့
မဟုတ်ဘူး မလား""ည ညက "
"အင်း"
"ညက ဘာဖြစ်လို့လဲ"
ပြူးတူးတူး၊ကြောင်တောင်တောင် ဖြစ်နေသော စေရိုးရာ မျက်နှာကြောင့် ဒီနေ့ခေတ် ရယ်ချင်စိတ်ကို ထိန်းလိုက်ရင်း ဝမ်းနည်းသွားတဲ့ မျက်နှာမျိုး ဖမ်းလိုက်လေသည်။
"ညက မင်းကိုယ့်ကို အတင်း အဓမ္မ..."
"ဘာ!"
ဒီနေ့ခေတ်ရဲ့ စကားပင် မဆုံးသေးခင် သူအသံဗြဲကြီးနှင့်ထ အော် မိလေသည်။
"ဟို မင်းကိုယ့်ကို တာဝန် မယူချင်တာတော့
မဟုတ်ဘူး မလား""အာ အဲလိုတော့ မဟုတ်ဘူးလေဗျာ ကျစ်
ကျွန်တော် ဘာမှ မမှတ်မိတော့ ခင်ဗျားပြောတာကို ဘယ်လို ယုံရမလဲ""အင်းလေ မင်းကမှ မမှတ်မိတော့တာ ကိုယ်က နစ်နာသူတစ်ယောက်အနေနဲ့ ဘာဆက်လုပ်သင့်လဲတောင် မသိတော့ဘူး"
STAI LEGGENDO
Villain(or)reborn(Completed)
Storie d'amoreပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...