Villain(or)reborn Part 4 Unicode

5.6K 533 4
                                    

ဆန်နီတို့အိမ်က ပြန်လာပြီးကတည်းက
သူ့စိတ်အခြေအနေ အတော်လေး ပေါ့ပါးနေသည်ဟုပင် ထင်ရသည်။
အနည်းဆုံးတော့ ဆန်နီနဲ့သူ့ကြားမှာ
အတိတ်တုန်းကလို နာကြည်းစရာ သိပ်မရှိနိုင်တော့ပေ။ထို့ကြောင့် ဒီနေ့ခေတ်က သူ့ကို လာသတ်စရာ အကြောင်း
မရှိတော့ပေ။

"အား.....နေလို့ထိုင်လို့ကောင်းလိုက်တာ"

သူခြံထဲက ခုံတန်းရှည်ပေါ်မှာ ပက်လက်လှန်ကာ အကြောဆန့် ပစ်လိုက်သည်။ပြီးတော့ မျက်လုံးကိုပါ
မှိတ်ကာ ဇိမ်ယူနေလိုက်သည်။

"စေ"

'ဟင် ဒါမြယွန်းမြတ် အသံပဲ။ငါကြားယောင်တာ ဖြစ်မယ်။ရန်သူအကြီးစားဆိုတော့။'သူအတွေးနှင့်သူ ပြုံးကာနေလိုက်သည်။

"စေ"

'အာ မဟုတ်ဘူးဟ၊ဒါ တကယ်ကြီး။'
သူ ဇက်ကနဲ ကုန်းထထိုင်လိုက်သည်။
အမှန်ပင် သူ့ရှေ့မှာ မြယွန်းမြတ်က
ရောက်ရှိနေလေသည်။

"သြော် မြယွန်းမြတ်"

သူမက သူနှင့်အတူခုံပေါ်မှာ ဝင်ထိုင်ကာ မျက်ဝန်းလှလှလေးများဖြင့် သူ့ကို
စူးစိုက်ကာ အကြည့်ချင်းဆုံစေလေသည်။အတိတ်တုန်းကဆိုရင်တော့ ဒီလိုအခြေအနေမျိုးကို သူထတောင် ကပေလိမ့်မည်။အခုတော့ ဒီနွားက အရာရာ သဘောပေါက်သွားလေပြီဖြစ်သည်။

"အရင်လို မြယွန်းလို့ပဲ ခေါ်ပါလား
စေ။ခုဟာက နင်နဲ့ငါကြား စည်းခြားထားသလိုပဲ"

သူမက မျက်ရည်အဝဲသားနဲ့ ပြောရှာလေသည်။
သူဘာမှ ခွန်းတုံ့မပြန်ချင်ပေ။
အနည်းဆုံးတော့ သူလည်းနာကျင်ရသည်လေ။သူအနှစ်နှစ်၊အလလ ပိုးပန်းခဲ့ရသော မိန်းကလေး မဟုတ်ပါလား။
အချစ်ဦးက အချစ်ဦးပါပဲလေ။
လူတစ်ယောက်ကို လွယ်လွယ်ချစ်ပြီး၊
လွယ်လွယ် မေ့နိုင်ရင် ဒါအချစ်ဟုတ်ပါ့ဦးမလား။

"မြယွန်း မင်းသာ မနာလိုဝန်တိုတတ်တဲ့စိတ်လေး ဖယ်လိုက်ရင် မင်းဟာ
မိန်းမကောင်းလေးပါ မင်းသာဆန်နီ့အပေါ်ထပ်မနှောက်ယှက်ဘူးလို့  ကတိပေးရင် ငါမင်းအပေါ် ကောင်းပေးပါ့မယ်"

သူမက စီးကျလာတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ရင်း

Villain(or)reborn(Completed)Donde viven las historias. Descúbrelo ahora