ဒီနေ့က အလုပ်ပိတ်ရက်ဖြစ်သဖြင့်
ဆန်နီက သူ့အား အပြင်ထွက်လည်ရန်
ph ဆက်လေသည်။ထို့ကြောင့် ချိန်းဆိုထားတဲ့ Coffee ဆိုင်သို့ သူစော၍ ထွက်လာလိုက်လေသည်။နာရီဝက်လောက် စောင့်အပြီးမှာတော့ သကောင့်သား ဆန်နီက ရောက်ချလာလေသည်။ဆိုင်အဝတည်းက သူ့ကို လက်လှမ်းပြကာ စတိုင်လ် မလိုင် အပြည့်ဖြင့် သူထိုင်နေတဲ့ ထောင့်ကျကျစားပွဲသို့
လျှောက်လာလေသည်။လမ်းတစ်လျှောက်မှာတော့ ဆန်နီ့အား
လှပျိုဖြူလေးများက အားရပါးရကို
ငမ်းကြော ထနေကြလေသည်။ဆန်နီက စတိုင်လ်အပြည့်ဖြင့် ခုံကို ယူထိုင်ကာ သူ့ကို ခပ်ရေးရေးလေး ပြုံးပြရှာလေသည်။
"ဘာလဲဟ မင်းဆေးသောက်ခဲ့ရဲ့လား"
"အဟတ် မင်း ငါရဲ့ချောမောမှုတွေကို အားကျနေတာလား"
"ဆုတောင်း"
ဆန်နီက တဟဲဟဲ ရယ်လိုက်ရင်း
စားပွဲထိုးလေးကို ခေါ်ကာ သူ့နည်းတူ coffee တစ်ခွက် မှာလိုက်လေသည်။
ထို့နောက် ကနဦး မျက်နှာအမူအရာနှင့် ခြားနားစွာ ဝမ်းနည်းသည့် ဘက်သို့ ကူးပြောင်း သွားလေသည်။
'တတ်လည်း တတ်နိုင်သည်' ဟု သူစိတ်ထဲကနေသာ ပြောလိုက်မိသည်။"စေ မင်းကိုငါ ပြောပြစရာရှိလို့"
သူ coffee ကို အရသာခံ သောက်နေရင်းမှ
"အင်း ပြောလေ"
"ငါ့မှာ မင်းပဲ ရှိတာ သိတယ်မို့လား"
"မင်း အစ်ကိုလည်း ရှိသေးတယ်လေ"
"ငါ့ကိုကို ဆိုပေမဲ့ ငါ့ကို အချိန်မှ မပေးနိုင်တာ ခုလည်းကြည့်လေ နောက်အပတ်မှ US ကို ပြန်မယ်ဆိုပြီး
ချက်ခြင်း ဆိုင်းမဆင့်၊ဗုံမဆင့် ထပြန်သွားတယ်လေ""အင်း"
ဟုတ်တော့ ဟုတ်သား။ဘာကြောင့်များ စောပြီး ပြန်သွားရတာပါလိမ့်။
"ပြီးတော့ ငါ့ကိစ္စက ကိုကို့ကို တိုက်ရိုက်ပြောလို့ မသင့်တော်ဘူး"
"ကျစ် ဘာကိစ္စမို့ အဲလောက် ပုလ္လင်ခံနေတာလဲ လိုရင်းကို ပြောလေကွာ"
"အေးပါကွာ အရင်ဆုံး မင်းငါ့ကို မဆူဘူးလို့ ကတိပေးပါလား စေ"
YOU ARE READING
Villain(or)reborn(Completed)
Romanceပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...