Villain(or)reborn Part 9 Unicode

4.6K 466 0
                                    

အလုပ်ကို ရောက်ရောက်ချင်း ဆန်နီက
ခေါင်မိုးထက်ကို ခဏ လာပါ ဟု SMS
ပို့လာသောကြောင့် သူအပြေးတစ်ပိုင်းဖြင့် အပေါ်သို့ ပြေးတတ်လာခဲ့သည်။
ဓာတ်လှေကားပင် မစောင့်တော့ပါ။
လမ်းတစ်လျှောက် ဝန်ထမ်းတစ်ချို့က
အထူးအဆန်း ကြည့်နေပေမဲ့ သူမမှုနိုင်ပါ။ဒီရက်ပိုင်း အိမ်မက်တွေက သိပ်ကောင်းတာ မဟုတ်ဘူးလေ။ထို့ကြောင့်
ကိုယ့်ကိုယ်ကိုထက် ဆန်နီ့ကို ပိုစိတ်ပူနေခြင်းပင်။ပြီးတော့ မြယွန်းမြတ်က ပျောက်ချက်သား ကောင်းနေသည် မဟုတ်လား။ဇာတ်လမ်းတွေထဲမှာ အတော်ကြာကြာ ပျောက်နေတဲ့ လူတွေ ပြန်ပေါ်လာရင် အကြံအစည် အကြီးကြီးတွေ ပါလာတတ်သည်လေ။
စင်စစ် မြယွန်းမြတ်က ပျောက်နေသည်မဟုတ်။သူကိုယ်တိုင်ကပင် အရင်လို
မြယွန်းမြတ်ဆီ မသွားဖြစ်တော့တာပင်။

သူ ခေါင်မိုးထပ်ကို ရောက်တော့
ငနဲသားဆန်နီက ဝရံတာကို မှီကာ မျက်လုံးတွေကို မှေးစင်းထားလေသည်။

ဟူး..........

သူအမောအရင် ဖြေပြီးမှ

"ခွေးကောင် ငါ့မှာတော့ စိတ်ပူလိုက်ရတာ မင်းက ဒီမှာ ဇိမ်ကျနေတာပေါ့"

"မဟုတ်ဘူး ငါ ခံစားနေတာ"

ဆန်နီက ပြုံးနေပေမဲ့ ပွင့်ဟလာတဲ့ မျက်ဝန်းအစုံက အရည်လဲ့နေလေသည်။'သိပ်လှတဲ့ ယောကျာ်းပါလား'
ဟု သူ စိတ်ထဲကနေ တွေးမိလိုက်သည်။
ဘာအရောင်မှ မပါဘဲ သဘောရိုးဖြင့်သာ။

"သက်တံ့က ထွက်စာတင်သွားပြီ"

"ဘာ!"

"ဟုတ်တယ် သူအလုပ်ထွက်သွားပြီ"

"မင်းကို ဘယ်သူပြောတာလဲ"

"ကိုကို ပြောတာ"

"တဆိတ် မင်းအစ်ကိုက မင်းတို့ ကိစ္စ သိသွားပြီလား"

"အင်း"

"ငါတို့ သူ့ကို သွားရှာရအောင် ဆန်နီ"

"ဘယ်မှာ ရှာမှာလဲ စေ သူဘယ်မှာနေမှန်း မင်းရော ငါရော သိမှ မသိတာ"

ဟုတ်သားဟ။သက်တံ့နဲ့သူက bus တစ်စီးတည်း အမြဲအတူ စီးနေကြ ဆိုပေမဲ့
သက်တံ့က လမ်းတစ်ဝက်မှာ အမြဲဆင်းနေကျ။ထို့ကြောင့် သက်တံ့အိမ်ကို သူမသိပေ။မေးလည်း မမေးပေ။သိပ်မဖော်ရွေတတ်တဲ့ ကိုယ့်ကိုယ်ကိုပင် အပြစ်တင်ရမည်။

Villain(or)reborn(Completed)Where stories live. Discover now