ကားထဲတွင် စေရိုးရာ တစ်ယောက် မျက်လုံးများကို မှေးစင်းလျက်။မောင်းသူကတော့ ဆန်နီပင်။
"စေ မင်းက ငါ့ကို ကားမောင်းဖို့ တကူးတက
ခေါ်လိုက်တာလား""....."
စေရိုးရာမှာ စကားမေးတောင် မရသဖြင့်
ဆန်နီ မျက်ဖြူလှန်ကာ မဲ့လိုက်ရင်း"စေ ဘာဖြစ်နေတာလဲ ပြဿနာရှိနေတာလား"
"ကျစ် စကားများတယ် မောင်းစရာရှိတာမောင်း"
"ခွေးကောင် ငါက ဘယ်ကိုမောင်းရမှာလဲ
မင်းက ဘာမှ မပြောပဲ""မောင်းချင်တဲ့ နေရာသာမောင်း"
"ပြီးရောကွာ"
ဆန်နီ အတန်ကြာ ဦးတည်ရာမဲ့ မောင်းနေပြီးမှ အတွေးတစ်ခု ဝင်သွားလေသည်။
သူ သားချိုဆိုတဲ့ ကလေး စျေးရောင်းတဲ့ဘက်ကို မရောက်တာ ကြာနေပြီ မဟုတ်လား။
နေ့လည်လည်း ရောက်နေပြီမို့ အစာမရှိသေးတဲ့ ဗိုက်က တဂွီဂွီ အချက်ပြလာလေသည်။
ဘေးနားက စေရိုးရာကတော့ အသက်ပင် မရှိတော့သလို အိပ်မောကျနေပြီ ဖြစ်သည်။
သူ စေရိုးရာ ကိုပင် အသိမပေးတော့ဘဲ
သားချိုရဲ့ အကင်ဆိုင်ရှိရာ စျေးတန်းသို့ မောင်းလာလိုက်သည်။စျေးထိပ်တွင် ကားရပ်လိုက်ပြီး စေ့ကို အသာလှုပ်ကာ နှိုးလိုက်သည်။
စေက အပျင်းကျောဆန့်ကာ မျက်လုံးများကို လက်ချောင်းထိပ်နဲ့ ပွတ်လိုက်ရင်း
စကားဆိုလာသည်။"ရောက်ပြီလား"
"ဟတ် ဘယ်ကို ရောက်ရမှာလဲ"
သူ မောင်းချင်တဲ့ နေရာ မောင်းခိုင်းထားတာကို သတိရသွားသဖြင့် သွားကိုဖြီးလိုက်ရင်း
"အာ ဟုတ်သား "
"လာ ဆိုင်ကောင်းကောင်း တစ်ဆိုင်ရှိတယ် သွားရအောင်"
"ဟမ်!"
စေ က လူများစွာ တိုးကျိတ်ခွေ့ နေတဲ့ စျေးထဲကို လက်ညှိုးထိုးလိုက်ရင်း
YOU ARE READING
Villain(or)reborn(Completed)
Romanceပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...