Villain(or)reborn Part 6 Zawgyi

2.5K 131 0
                                    

ဆန်နီ အလုပ် စဆင်းတည်းက တစ်ရုံးလုံးရဲ့ အကြည့်တွေက ဆန်နီ့ဆီမှာပင်။
သို့ပေမဲ့ ဆန်နီ့ရဲ့ အကြည့်တွေက သက်တံ့လွင် ဆီမှာပင်။
သူလည်း ခေတ်လူငယ်မို့ သည်လို အထာတွေကို သိလေသည်။
သက်ဆိုင်သူ သက်တံ့ကတော့ သူ့ကို
ကြည့်နေမှန်းတောင် မသိရှာပေ။
သက်တံ့ကို ငေးမောနေတဲ့ ဆန်နီ့နားကို
သူတိုးကပ်လိုက်ရင်း

"ဟေ့ကောင် သွားရည်တွေ သုတ်လိုက်ဉီးဟ"

ဆန်နီက သဘောကျစွာ တဟဲဟဲရယ်ရင်း စာရင်းတွေ ပြန်စစ်နေလေသည်။

"စေ မင်းနဲ့ကိုကို အဆင်ပြေရဲ့လား"

ဆန်နီက သူ့ကို မကြည့်ဘဲ မေးလာလေသည်။
သူ မျက်ဖြူလှန်ကာ ခေါင်းကို ခါရမ်းလိုက်ရင်း

"မင်း အစ်ကိုကို ငါသိပ်နားမလည်ဘူး"

"ဘာလို့ နားလည်ဖို့ မကြိုးစားရတာလဲ"

"သူက မင်းအစ်ကိုလေ ငါ့အစ်ကိုမှ မဟုတ်တာ"

"ကိုယ်ကလည်း မင်းအစ်ကို ဖြစ်ချင်မနေဘူးနော်"

ဘယ်အချိန်တည်းက နောက်ကို ရောက်နေမှန်း မသိတဲ့ ဒီနေ့ခေတ်က ဝင်ပြောလေသည်။

သူရော၊ဆန်နီရော ဒီနေ့ခေတ်ကို နှုတ်မဆက်ပေ။အလုပ် ရှုပ်ချင်ယောင်သာ ဆောင်နေကြသည်။

"ကဲ အားလုံးပဲ ကိုယ်ပြောစရာလေးရှိလို့"

ဝန်ထမ်းတွေ အားလုံးရဲ့ အကြည့်က
ဒီနေ့ခေတ် ဆီသို့ ရောက်ရှိလာလေသည်။

"ကိုယ် စာရင်းအင်း ဌာနက ဝန်ထမ်းတွေ အားလုံးကို ဒီည Dinner ပွဲလေး
လုပ်ပေးချင်လို့ ပြီးတော့ နောက်အပတ်မှာ ကိုယ် US ခဏ ပြန်ရမယ် ကိုယ်မရှိခင်မှာ အားလုံး ပိုပြီး အလုပ်ကြိုးစားကြမယ်လို့ မျှော်လင့်ပါတယ် ကိုယ်ပြောချင်တာ ဒီလောက်ပါပဲ အားလုံး
လုပ်စရာ ရှိတာ ဆက်လုပ်ကြပါ"

ပြီးနောက် ဒီနေ့ခေတ်က သူနဲ့ဆန်နီရဲ့ခေါင်းကို လက်နဲ့ ခပ်ဖွဖွ ပွတ်သပ်လေသည်။ဆန်နီကတော့ အစ်ကိုဖြစ်သူကို
သွားအကုန်ပေါ်အောင် ပြုံးပြနေပေမဲ့
သူကတော့ ထိုလက်ကို ရိုက်ချပစ်လိုက်သည်။သူ့ကို ကလေးလို ဆက်ဆံတာမျိုး သူလုံးဝ မကြိုက်ပေ။

Villain(or)reborn(Completed)Where stories live. Discover now