Villain(or)reborn Part 10 Unicode

4.6K 443 5
                                    

"ကိုကိုလေး "

အိမ်အကူညီမလေး ခေါ်သံကြောင့် သူ
ph သုံးနေရင်းမှ မော့ကြည့်လိုက်လေသည်။

"ဒီမှာ ကိုကိုလေး အတွက်တဲ့"

လက်ထဲမှ အဖြူရောင် နှင်းဆီပန်းစည်းကြီးအား သူ့ကို လှမ်းပေးလေသည်။

"ဟင် ဒါ ဘယ်သူပေးတာလဲ"

"အိမ်ရှေ့မှာ အစ်ကိုကြီး တစ်ယောက်ခေါ်ပေးတာ"

"ကျစ် ဘယ်သူလဲဟ အခု အဲဒီလူရှိသေးလား ညီမလေး"

"ရှိသေးတယ် ကိိုကိုလေး"

သူ ပန်းစည်းကို ကိုင်ကာ အိမ်ရှေ့ကို ပြေးထွက်လာလိုက်သည်။

ခြံပြင်တွင် ကားကို မှီကာ သူ့ကိုလက်လှမ်းပြနေသူက ဒီနေ့ခေတ်ပင်တည်း။

ဟူးးးးးးးးးးး

သူ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း ခြံပြင်သို့ ထွက်လာလိုက်သည်။

"ပိတ်ရက်လေး နားနားနေနေ နေရမလားလို့ အကုသိုလ်က အလုံးလိုက်
အရင်းလိုက် ဝင်လာပြန်ပြီ"

"အဟတ်"

သူ့ကို လှောင်ရယ်နေတဲ့ ဒီနေ့ခေတ်ကတော့ ယနေ့တွင် ထူးဆန်းစွာ ပိုကြည့်ကောင်းနေသည်မှာ အမှန်ပင်။
ခါတိုင်း suit အပြည့်နဲ့ လူက ယနေ့တွင်
လူငယ်ဆန်ဆန် ဝတ်စားထားသည်မှာ
သူ့ထက်ပင် ချောနေသေးသည်။

"ကျစ် ဒါကြီးက ဘာလုပ်တာလဲ"

သူ လက်ထဲက ပန်းစည်းကို ပင့်ပြရင်းမေးလေသည်။

"ခင်ဗျားလေးကို ပိုးပန်းတဲ့ အနေနဲ့ ပေးတာလေ"

"ကျစ်"

ဒီနေ့ခေတ်က ရုတ်တရက် ကိုယ်ကို အနည်းငယ် ကိုင်းလာကာ သူ့မျက်နှာ
နားသို့ တိုးကပ်လိုက်ရင်း

"အဆိုးလေး ကိုယ်မင်းကို အခု
လိုက်နေတာနော်"

"ကျစ် နောက်ကို နည်းနည်းဆုတ်စမ်းပါ"

ဒီနေ့ခေတ် ရင်ဘက်ကို သူ အသာတွန်းကာ သူကိုယ်တိုင်လည်း နောက်ကို
နည်းနည်း ဆုတ်လိုက်လေသည်။

"ဒီမှာ ခင်ဗျား ကျွန်တော့်ကို လိုက်နေတယ်ဆိုရင်လည်း ရိုးရိုးတန်းတန်း လိုက်လေ ဘာလို့ အနုအယွတွေလုပ်နေတာလဲ ကျုပ်ရဲ့ ဘယ်အစိတ်အပိုင်းကများ နုဖတ်ဥအက် နေလို့လဲ"

Villain(or)reborn(Completed)Where stories live. Discover now