ဘုတ်❗
အင့်❗
*sorry. ..*
အဖိုးကြီးရဲ့သွေးတွေစွန်းနေတဲ့နေရာကနေကြာကြာမနေနိုင်လို့ထွက်လာပါတယ်ဆို....ဟူး။
*ဒီမှာ....ခင်ဗျား...*
လှည့်ထွက်ခဲ့တဲ့ခြေလှမ်းတွေကရှေ့ဆက်လို့မရခဲ့...။၁၀စု နှစ်နီးပါးငြိမ်သက်နေတဲ့နှလုံးသာသကတစ်ဒိန်းဒိန်းခုန်လာတာကသခင့်ကိုရှာတွေ့သွားပုံဘဲ။
မရဲမဝင့်လှည့်ကြည့်ပေ့မဲ့...အခုချိန်ထိမုန်းနေသေးရင်ရော။*ကိုကို❗❗..*
*ရိ....ရိလျှံ*
အပုန်းကောင်းလွန်းလှတဲ့ကိုကိုက...အရင်အတိုင်းဘဲရိလျှံနှလုံးသားကိုထိန်းကိုင်နိုင်တုန်းဘဲ။အသက်တွေကြီးလာလဲအချစ်တွေကနုပျိုနေဆဲဘဲ။သူ့ကိုထားပြီးမိန်းမယူသွားတဲ့ကိုကို့ကိုမုန်းချင်ပေ့မဲ့ဘယ်လိုလုပ်မလဲ။ရိလျှံကဝမ်သခင်ကြီးကိုမှလိုချင်နေတာကိုး။ဒီတစ်ခါမလွတ်စေရဘူး..နှလုံးသားထဲအပြီးချုပ်ထားမှာ....။
*အဟက်.....ရက်စက်နိုင်လွန်းသူကြီးပါလား*
ထင်တဲ့အတိုင်း...ရိလျှံကသူ့ကိုမုန်းနေတာဘဲ။သူကိုယ်တိုင်ကလဲပျော့ညံခဲ့တာဘဲလေ။ဒါပေ့မဲ့အခုချိန်ထိရိလျှံပေါ်ထားတဲ့အချစ်တွေကမဖောက်မပြန်တုန်းဘဲ။
*တွေ့မဲ့တွေ့တော့လည်း....ဒဲ့ဒိုးကြီးနော်*
ခံရခက်လိုက်တာ....အခွင့်အရေးရရင်ခေါ်ခွင့်ရချင်သေးတယ်...ငယ်လို့။
*ငါမင်းနဲ့ပြောစရာမရှိဘူး....ရိလျှံ*
ဟိုဘက်ဒီဘက်ကိုယ်ရံတော်တွေကလည်းသေနတ်တပြင်ပြင်နဲ့...။အခုချိန်သာအမိန့်ပေးကြည့်သွေးချောင်းစီးမဲ့ဖြစ်ခြင်း။ဟင်အင်း.....သူ့ရဲ့ရိလျှံကိုခြစ်ရာတစ်ခုတောင်ရှိစေချင်တာမဟုတ်ဘူး။
*ဝမ်ရိပေါ်က......ကျုပ်သားများလား*
ဟင်.....။ဒီလောက်လျို့ဝှက်ထားတဲ့ကိစကိုသူကဘယ်လိုလုပ်....သိသွားပြန်တာလဲကွာ။ရန်စွယ်ကများကများနဲ့...။
*မင်း....မဟုတ်တာမပြောနဲ့*
အရမ်းတွေတုန်လူပ်နေပါလား...ကိုကိုရယ်။
