Ep-19

1.4K 96 22
                                    


*မင်းဘာဖြစ်ချင်နေတာလဲ....ကျန်းရှန်လျန်*

ဝမ်ရိပေါ်ဆိုသူကောင်လေးထွက်သွားသည့်အခါ ပြုံးရယ်နေတဲ့ မျက်နှာက ချက်ချင်းတည်သွားသလို လေသံလေသွေးကလည်း ထိုကလေးတိုင်းမတူဘဲ အေးစက်နေကာ ကျောခြမ်းဖွယ်ကောင်းလှသည်။ ခြေချိတ်ထိုင်ရင်း sofa လက်ရန်းပေါ် တင်ထားတဲ့လက်တွေက ေဒါသကြောင့်သွေးကြောစိမ်းတွေကိုအရှင်းတိုင်းမြင်ရသည်။ မျက်နှာအမူအရာကတော့ sean ဆိုသည့်အတိုင်း အေးစက်စက်။

*အဟင်း......ကျန့် ယောကျာ်းဖြစ်ချင်တာ*

ကျန်းရှန်လျန် ......။ ပြက်ပြက်သားသားဖွင့်ချပေ့မဲ့ ကျန့်မျက်နှာက အရင်တိုင်းအေးတည်အေးစက်။အနီးမှာထိုင်နေတဲ့သူ့ကိုတစ်ချက်မှမကြည့်ဘဲ ရှေ့ကြမ်းခင်းကိုသာ စိုက်ကြည့်လို့ ဒေါသအပြင်းထွက်နေပုံ။ သူ့နေရာမှာတစ်ခြားသူသာ ဤသို့ပြောခဲ့လျှင် အသက်ရှင်မည်မဟုတ်။ သူတစ်ယောက်ထဲသာ ကျန့်ကို ပြောရဲဆိုရဲတာ။ အရင်းနှီးဆုံးသူစိမ်းတွေလို့ဆိုလေမလား။ ကျန့်နဲ့သူနဲ့က မဖြစ်မနေ တွေ့ဆုံကြမှာဘဲ။ ဒါကို  ကျန့်ကလဲ ရှောင်လွှဲလို့မရဘူး ။

seanရဲ့အာဏာက သူ့ဆိုတဲ့ ကျန်းရှန်လျန်အပေါ်မသက်ရောက်ဘူး။

*စိတ်ကူးယဥ်မနေနဲ့.*

*ရှန်...စိတ်ကူးမယဥ်တတ်မှန်း ကျန့် သိပါတယ်*

Guide ဆရာအစစ်က ဘယ်ရောက်နေမှန်း မသိ။ အခုတော့ ​မြွေပွေးက ဘယ်က ဘယ်လိုပေါ်လာမှန်းမသိ။  ကျန်းရှန်လျန်က ​ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်တယ်ဆိုတာအမှန်။ ကြောက်တာတော့မဟုတ်ပေ့မဲ့။  သူ့ရဲ့အချစ်လေးထိခိုက်မှာတော့သေမတတ်ကြောက်သည်။

*မင်းဘာမင်း....ဘာကြီးနေနေ....မင်းသိထားဖို့က ဝမ်ရိပေါ် တစ်ယောက်သာ ငါ့သက်ဆိုင်သူ*

*ကလေးသာသာ ကောင်လေးကို.....ရှန်က ဂရုစိုက်နေပါ့မလား*

မည်သူကိုမှလူမထင်သလိုပုံစံမျိုးနဲ့ နူတ်ခမ်းကိုမဲ့ကာပြောနေတဲ့ ကျန်းရှန်လျန်ကို အမူန့်ခြေချင်နေပြီ။ မရ၍သာ ငြိမ်နေရတာ။
ကျန်းရှန်လျန်ရဲ့ ကလေးသာသာကောင်လေးဆိုတာ ဂိုထောင်ထဲ သေနတ်ခိုးပစ်တဲ့ ေကာင်လေးကိုလား ၊ emoji master လုပ်တတ်တဲ့ ကောင်လေးကိုလား၊ sean ချစ်တဲ့ ဝမ်လုံးငယ်လား။

sean'sWhere stories live. Discover now