*ကိုကို..ကိုကို..ကျွန်တော့်ကိုချစ်လားဟင်*
*ကိုယ်...ကိုယ်...*
*ကိုကို...ခင်ဗျားဖြေစမ်း...ကျွန်တော့်ကိုချစ်တယ်မလားလို့*
*မချစ်ဘူးငယ်...မင်းကို..ကိုယ်မချစ်ဘူး.*
*မခေါ်နဲ့....ငယ်လို့မခေါ်နဲ့...ခင်ဗျားရဲ့ငယ်ကသေပြီလို့...*
----------------------------------------------
အထက်တန်းကျောင်းကြီးစဖွင့်ချိန်မိုးဦးအစပေါ့။ထီးရောင်စုံတွေလေပေါ်ပျံနေတဲ့ထီးသဘင်ပွဲတော်လိုမျိုးအချိန်။ချစ်ခြင်းကိုစသိခဲ့ရာကနေချစ်တတ်ခဲ့တဲ့နှလုံးသားလေးကအချစ်စစ်ကိုရှာတွေ့ခဲ့တယ်။အချစ်စစ်ဆိုသည်ဖြောင့်ဖြူးခြင်းမရှိတဲ့တကယ်လည်းကြမ်းတမ်းခဲ့တယ်။သူ့ရဲ့အချစ်ကိုမိုးရေထဲမှာစတွေ့ခဲ့ရတယ်။မိုးရွာသီမှာထီးကိုဆောင်မလာတတ်ခြင်းရဲ့အဓိကအကြောင်းအရင်းကသူထီးပိုင်ရှင်ကလေးနဲ့ထီးအတူစောင်းချင်ရုံလေပါ...ချစ်မိသွားလိမ့်မယ်လို့ဘယ်သူကထင်မှာလဲ။
*ဒီနေ့လဲ...ထီးမယူလာခဲ့ပြန်ဘူးလား*
မိုးသံလေသံတွေကြားမှာနီးကပ်နေတဲ့ကိုခန်နာကိုယ်နှစ်ခုကြောင့်သူ့ကိုကိုအသံကိုကောင်းစွာကြားရသည်။ငြူစူခြင်းမဟုတ်ဘဲစိတ်ပူခြင်းတွေရောနေတဲ့စကားသံလေးကသူ့ကိုတကယ်လဲနွေးထွေးစေတယ်။ငယ်ငယ်တည်းကသေနတ်ကိုင်ရင်းဂိုဏ်းရဲ့ဆက်ခံသူအဖြစ်လေ့ကျင့်ခဲ့ရတာ၃နှစ်သားထဲက။သူငယ်ချင်းဆိုတာဖြူလားမဲလားမသဲကွဲ။အချစ်ဆိုတာရှိတယ်လို့တောင်မထင်တဲ့သူကအခုတော့ရင်ခုန်တတ်ပြီလေ။
*ဟင်အင်း....ကိုကိုနဲ့အတူထီးလှုံချင်လို့*
ပြောရခက်တဲ့ကလေးတွေကိုမင်ယွဲ့မချစ်ဘူး။ဒါပေ့မဲ့ဒီ...ရိလျှံဆိုတဲ့ကောင်လေးကချွင်းချက်။ဘာကြောင့်မှန်းမသိပေ့မဲ့ဒီကောင်လေးသူ့အပေါ်လွှမ်းမိုးနေတယ်လို့သူထင်တယ်။ကိုကိုဆိုတဲ့ခေါ်သံလေးကိုသူမကြားရမနေနိုင်နိုင်စွာ..နေ့တိုင်းထီးမပါတဲ့ကောင်လေးကဒီနေ့ရောပါမှာမဟုတ်ပါဘူးဆိုတဲ့စိတ်နဲ့သူဒီနေ့တိုင်းဒီနေရာလေးမှာလာစောင့်နေတာအထက်တန်းတစ်နှစ်ပြီးလို့....မိုးကုန်တော့မယ်။ဒီတစ်နှစ်လုံး....ကောင်လေးကသူ့အနားအမြဲရှိနေတယ်။ဖောက်ပြားနေတဲ့ခံစားချက်တွေကြောင့်ကောင်လေးအနားကထွက်သွားဖို့ကြိုးစားပေ့မဲ့ချစ်နေတာကြီးကို။