*ကျန့်ရယ်....ရှန် ကလေ....အချစ်ကိုဘဲ ကိုးကွယ်တယ်*
*ငါကတော့ ဝမ်ရိပေါ်ကို ဘဲ ကိုးကွယ်တယ်*
လိုချင်တာရအောင်ယူရမယ် ဆိုတဲ့ မိမိစိတ်ဓာတ်ကြောင့် မည်မျှ ခက်ခဲနေပါစေ အရယူမည်။ ကျန့် သာသူ့ကိုရွေးချယ်ခဲ့ရင် သည်လို့မဇျိမ စိတ်က ဖြစ်လာမည်မဟုတ်။ ကလေးသာသာကောင်လေးက သူ့ကို အနိုင်ပိုင်းသွားတဲ့အခါ မခံမရပ်နိုင်စိတ်တွေက တစ်ဟုန်ထိုး။ အဲ့ ကလေးက သူ့လို့ ရှန် ကို မယှဥ်နိုင်မှာအသေချာ။
ဖြူဥနုဖတ်ပြီးပန်းရောင်ဝင်းအသားအရေရှိတဲ့ကောင်လေးက အပြစ်အနာအဆာမရှိ လှရက်လွန်းတာတော့ သူလက်ခံပါတယ်။ ဒါပေ့မဲ့ ကျန့်ရဲ့ သည်းသည်းလူပ်ခံရတာ မြင်နေရတဲ့ အတွက် ထို အလှကလေးကလဲ အမုန်းပင်ကြီးသာ။ ထို ကလေးကို ရှင်းပစ်ဖို့က သူ့အတွက်မခဲယဥ်းသလို ဝန်လေးစရာကိစ တစ်ခုလည်းမဟုတ်။ သို့သော် ကျန့် ။ ကျန့်ဆိုတဲ့ သူက ထိုကလေးရှေ့ မဟာ သံတိုင်းသဖွယ် တည်ရှိနေလေ မြတ်နိုးပြလေလေ ထိုကလေးအပေါ်ထားတဲ့ အမုန်းက ကြီးထွားလာလေဘဲ။*ကျန့်.... ...ရှန်ရဲ့အခြေအနေနဲ့ သူ့ကို ဖျောက်ပစ်လို့ရတာ...ကျန့်သိတယ်နော်*
*ငါ့....အချစ်ကိုထိရင်..ငါနဲ့ငြိမှာမို့....မင်း...အနေအထိုင်ဆင်ခြင်*
Sean တစ်ဝက်နီးပါး အမှောင်ဘက်ခြမ်း အာဏာရနေတဲ့ ရှန်က ဒီလိုလည်း လူပါးဝတတ်သေးသည်။
လန်ဂိုဏ်း၊ sean ဂိုဏ်း၊ ရှန် ဂိုဏ်းက အမှောင်လောက မှာ ကျင်လည်ကြက်စားနေသလို ။ သူ့နေရာနဲ့သူ အာဏာရှိကြလေသည်။ လန်ဂိုဏ်းသားတွေက အဂ်လန်မှာသာ အခြေချများကြ၍ ဒီနိုင်ငံမှာတော့ seanသာ အာဏာအရှိဆုံးဖြစ်နေသည်။*ကျန့်.... ကောင်လေးက မျိုးရိုးသန့်ရဲ့လား*
*အဟက်......ငါကိုယ်တိုင်....ဝမ် သခင်ကြီးဆီ...ဓားမိုးပြီး သွားတောင်းထားရတဲ့...ဝမ်မျိုးရိုးရဲ့ အဖိုးတန်သား*
ရှန် မျက်ခုံးပင့်မိသွားသည်။ ဝမ်သခင်ကြီး ဝမ်မင်ယွဲ့လား။ ဟိုတစ်ခါ ဝန်ကြီး partyပွဲမှာ မယ်ရီမိန်းကလေးကို ပါးရိုက်တဲ့ တစ်ယောက်လား။ ဒါတောင်မှ liveတစ်ခုကနေ အမှတ်မထင်ကြည့်မိသွားလို့သိရခြင်း။ မိနစ်ပိုင်းအတွင်း ထို live က ပျောက်သွားသည်။ ဟုတ်တယ်သာဆို သူ အရမ်းကြိုးစားရလိမ့်မယ် ဝမ်ဂိုဏ်းကိုအရင်ဖြိုသင့်လား။
ပြန်စဥ်းစားဖို့လိုနေပြီ။

YOU ARE READING
sean's
Fiksi Penggemar"ဝမ်သည်သာ....seanအပိုင်" Sean "ဦးကိုထိရင်...သားက..သတ်မှာ" Wang