*seanတို့ကကွာ....ရောက်တာနဲ့ပွဲဆူနေရော*
မယားငယ်တုံးပိသံနဲ့ဦးလက်မောင်းကိုတွဲချိတ်လာတဲ့မိပ်ကပ်တစ်ပိသာနဲ့အန်တီကြီး။ဒါဘာနေအထားကြီးလဲ။သူတစ်ယောက်လုံးဘေးမှာရှိနေတာတောင်အီစီကလီလာလုပ်နေတာ။ပေါ်တင်စနိူက်ကျော်တာပေါ့.။
ဝမ်ရိပေါ်တဲ့တစ်ပေါ်ဘဲရှိတယ်.။နှစ်ပေါ်ရှိလည်းရှောင်ကျန့်ကသူ့ယောကျာ်းဆိုတာပြောင်းလဲမသွားဘူး....။
*ကလေးလေး.....လာ....ဒီမှာထိုင်...ဖြေးဖြေးထိုင်*
အန်တီကြီးရဲ့စကားကိုအဖတ်မလုပ်ဘဲရိပေါ်ကိုသာဂရုတစိုက်နေရာပေးတဲ့ဦးကြောင့်အန်တီကြီးမျက်နှာမဲသဲပြာနှမ်းနေပြီ။
*seanကလဲကြာ...သူက..ကေလးမွမဟုတ္တာ...ထားလိုက်ပါ....လာ...မယ်ရီနဲ့ဝိုင်တူတူသောက်ရအောင်*
*ဝေးဝေးသွားစမ်း.....ငါကလေးက..အပေါစားအနံ့တွေခံလို့မရဘူး*
*ဟို......ရပါတယ်...ဦးရဲ့....မမလှလှကိုအားနာစရာ....*
ဒီတစ်ခါဦးကအလိုမကျဟန်မျက်ခုံးထူထူတွေစုကျုံ့လို့အန်တီမကြီးကိုကြည့်သည်။
*ကိုယ့်နှလုံးသားက...ဒီမှာလေ....ဘယ်သွားရမှာတုန်း...စိတ်မချဘူးကွာ*
ရိပေါ်ကိုတလှည့်ပြန်ပြောလာတဲ့ဦးရဲ့မျက်ဝန်းတွေကနူးညံမူတွေချစ်ခြင်းတရားတွေပြည့်လျှံနေတာကိုမြင်တွေရသည်။အန်တီကြီးမျက်နှာကတော့ပြာသထက်ပြာလာပြီလေ။
*အာ...ဒါဆို....သား....အချိုရည်သောက်ချင်တယ်*
*ဟုတ်ပြီဗျ.....ခနစောင့်နေနော်...ဦးအမြန်ပြန်လာမယ်*
ရိပေါ်အရှေ့ကထွက်သွားတဲ့ဦးကျောပြင်ကိုမြတ်နိုးခြင်းတွေအပြည့်ပါတဲ့မျက်ဝန်းတွေနဲ့ကြည့်မိသည်ကိုတော့ဝန်ခံပါသည်။တကယ့်ကိုခင်ပွန်းသည်ကောင်းပီသတဲ့ဦးကရိပေါ်ဆိုအပြစ်မြင်ခြင်းတစ်ဆိုးတစ်ဆမရှိ။အချစ်ကိုသာရှေ့တန်းတင်ကာဦးကတစ်ခါတစ်ရံအူတိုတတ်သေးရဲ့...။
*ဒီမွာ...တို့ရှင်းရှင်းဘဲပြောမယ်...seanကိုလိုချင်တယ်*
ဒေဝဒတ်မ...ဦးအကြောင်းတွေရင်းကြည်နူးနေတဲ့စိတ်တောင်ပျောက်တယ် အသံဆိုးနဲ့။