Ep-3

2.5K 135 9
                                    

*ဝမ်ငယ်...ဘာဖြစ်လို့လဲ*

ရှောင်ကျန့်အလုပ်လုပ်နေရင်းဝမ်ငယ့်ကိုလွမ်းလာလို့ငယ်နေတဲ့ကျောင်းကိုလိုက်လာခဲ့တာ။ကျောင်းရောက်တော့ငယ်ကမရှိ။ကန်တင်းဘက်များလာလို့လာကြည့်မိတော့ကန်တင်းမှာသူ့ရဲ့ဝမ်ငယ်နဲ့ကိုယ်ရံတော်တွေကတဖက်ကမိန်ကလေးနဲ့လူတစ်စုအုပ်အုပ်ကြပ်ကြပ်ဖြစ်နေကြတယ်။

*ဘာ...ဘာမှမဖြစ်ပါဘူး...ဦး*

ရိပေါ်ပြောလို့မဖြစ်ဘူးဦးကရိပေါ်နဲ့ပက်သက်ရင်ဘာမှမမြင်နိုင်တော့ဘူး။

*ဝမ်ငယ်...စာသင်ခန်းထဲသွားတော့နော်*

*ဦး...ဒါပေ့မဲ့*

*ဦးကို.....မချစ်ဘူးလားဟင်*

အဲလိုမျိုးဘဲချုပ်နေလိုက်။

ရှောင်ကျန့်ရိပေါ်ကိုအခန်းထဲပြန်လွှတ်လိုက်ပြီးကျန်တဲ့ကိစကိုဆက်ရှင်းရမယ်။ဝမ်ငယ့်ကိုမေးရင်ငယ်ကဖြေမည်မဟုတ်။

*Z...ပြောစမ်း*

Z. .ဆိုတာကရိပေါ်ကိုကာကွယ်ပေးတဲ့ကိုယ်ရံတော်အဖွဲ့ရဲ့ခေါင်းဆောင်။

*ဒီလိုပါ...သခင်ကြီး*Z. .ဖြစ်ခဲ့သမျှကိုပြောပြလိုက်ပြီးတစ်ဖက်ကဂိုဏ်းကအတွက်ရောမိန်းကလေးအတွက်ပါဆုတောင်းပေးလိုက်တယ်။မိချောင်းကန်ထဲအလည်မသွားရရင်တောင်ကံကောင်း။

*တောက်စ်!!!!!!*

ရှောင်ကျန့်ရဲ့ဒေါသကအတိုင်းအဆမရှိ။သူ့ရဲ့အချစ်ကိုဒီမိန်းကလေးကကြမ်းကြမ်းတမ်းတမ်းစကားတွေကိုပြောနေတာလား။ဒီကန်တင်းကြီးဒီလောက်လူများတဲ့နေရာမှာလေ။ရှောင်ကျန့်ကဘယ်လိုလူမျိုးလဲမသိလို့များလား။

*ကျွန်တော်တို့တောင်းပန်ပါတယ်...သခင်ကြီး*

တစ်ဖက်ကမိန်းကလေးရဲ့ကိုယ်ရံတော်တွေအကုန်လုံးဒူးထောက်တောင်းပန်ကြတော့တယ်။

*သခင်ကြီးရဲ့....လူမှန်းကျွန်တော်တို့မသိလို့ပါ.....ကျွန်တော်တို့ကိုခွင့်လွှတ်ပေးပါ...သခင်ကြီး*

သူတို့ရှေ့မှာရှိနေတဲ့သခင်ကြီးseanကအရမ်းကြောက်စရာကောင်းတယ်။ဒေါသဘယ်လောက်ကြီးလဲဆိုတာမျက်လုံးများနီရဲနေပုံကသက်သေပင်။

sean'sWhere stories live. Discover now