Ep-2

3K 139 4
                                    

*သခင်ကြီး......ပိုင်ရှန်းရဲ့အဖေ....ပိုင်သူဌေးက..တွေ့ခွင့်တောင်းနေပါတယ်*

ရှောင်ကျန့်မနက်ဖြန်နိုင်ငံခြားပို့ရမဲ့မှောင်ခိုစာရင်းတွေစစ်နေတုန်းယွီပင်းရဲ့စကားကြောင့်နူတ်ခမ်းထက်မဲ့ပြုံးတစ်ခုပေါ်လာတယ်။ပိုင်သူဌေးကတွေ့ချင်တယ်ဆိုဘဲ။ဒါဆိုလည်းတွေ့ပေးရမှာပေ့

*လာခိုင်းလိုက်....*

ပိုင်သူဌေးအတွက်တော့ဆလပ်ရွက်အစည်းလိုက်သွားလှုပေးရမယ်။သူတို့သားအဖတွေကသေမင်းနဲ့စီးချင်းထိုးချင်နေတာလား။ပထမကသားအခုကအဖေ။

*Sean!!!*

အင်းးးသူ့လက်သွေးစွန်းအုံးမယ်။သူ့နာမည်ကိုဒေါသတစ်ကြီးခေါ်နေပါပေ့လားသူကလဲယဥ်ကျေးအောင်သင်ပေးရမှာပေ့။

*ဘာကိစ္စလဲ....*

*ဟို......ဦးလေးရဲ့..သား*

ပိုင်သူဌေးseanစီလာတာသူ့သားပျောက်နေလို့။သူ့သားရဲ့အဆုံးသတ်ကိုသိနေပေ့မဲ့မကျေနပ်နိုင်ဘူး။သူ့သားကိုသတ်တဲ့သူကိုလက်စားပြန်ချေရမယ်။သူဝင်လာတုန်းကseanကိုသတ်ချင်နေတဲ့စိတ်ကseanကိုမြင်လိုက်ရချိန်တော့ကြက်ပျောက်ငှက်ပျောက်
်ပါဘဲ။သူ့ကိုဘာကိစလဲလို့ကျွန်းခုံကြီးပေါ်ခြေချိတ်ထိုင်ပြီးခုံလက်ရန်းကိုလက်ချောင်းလေးတွေနဲ့တတောက်တောက်ခေါက်ရင်းစူးစူးရဲရဲမျက်လုံးတွေနဲ့မေးလာတဲ့seanဆိုသူကြောင့်သူကျောမလုံသလိုဇောချွေးတွေပြန်ပြီးစကားတွေတောင်ထစ်နေပြီ။

*အန်ကယ့်ရဲ့သားကိုကျွန်တော်ကငရဲပို့လိုက်ပြီ.......အန်ကယ်ကျေနပ်ရဲ့လား*

သူ့နာမည်ကိုဒေါသတကြီးခေါ်နေတဲ့သူကအခုတော့ကြောင်ကုတ်လေးလိုပါလား။ဟက်....ဒီလိုဘဲဖြစ်ရမယ်လေ။

*ဟို...ဦးလေးသားဘာလုပ်လို့*

ဘာ.လုပ်.လို့.လဲ.

*ကျွန်.တော်.အ.ပိုင်.ကို.လာ.ထိ.လို့*

သူ့ကိုအံကြိတ်ပြီးတစ်လုံးချင်းပြောနေတဲ့seanဆိုသူကသူ့ရဲ့အပိုင်ကိုအရမ်းမြတ်နိုးတဲ့ပုံဘဲ။seanအပိုင်ကိုမထိတာအကောင်းဆုံးဘဲ။

*အန်ကယ်.....မကျေနပ်တာရှိရဲ့လား*

ဘုရား ဘုရား ငါ့လည်ပင်းလေးယားလာသလိုဘဲ။

sean'sWhere stories live. Discover now