Ep-7

1.9K 110 9
                                    

*Hello. ..Mr. sean. .*

အခုရှောင်ကျန့်ကပါတီပွဲတစ်ခုရောက်နေခြင်း။ပါတီတတ်တယ်ဆိုတာထက်စီးပွားရေးအကြောင်းတစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်ပေါ့။တစ်ချို့ကသူတို့သမီးတွေကိုပစ်ပစ်ကျွေးနေကြတာ။ဘာကြောင့်လဲ..သေချာပေါက်ငွေဘဲပေါ့။အခုသူ့ကိုလာနူတ်ဆက်တဲ့သူကstellaဂိုဏ်းခေါင်းဆောင်။လက်နက်မှောင်ခိုသမားတွေ..အကျိုးမရှိရင်လေကုန်မခံတဲ့သူမျိုး။

*အင်း..*

ဒါဘဲလေ..seanဆိုတာ..အချစ်လေးအတွက်သာသူကပြုံးချိုဖြစ်ချင်ဖြစ်မယ်တစ်ခြားသူအတွက်ဆိုရင်တော့သေမင်းတမာန်။

*Mr. Seanရဲ့အိမ်သူလေး...ရော..မပါဘူးလား*

*မပါဘူး...*

ဒီလိုပွဲမျိုးကငယ့်နဲ့မသက်ဆိုင်သလိုသူတို့လိုဒုစရိုက်သမားတွေတတ်ရောက်တဲ့အပြိုင်အဆိုင်ပွဲ။အကုန်လုံးကအကြံအညဏ်ကြီးဘဲ။သူတို့ကကျွန်တော့်ကိုရိုက်ချချင်နေတာ။ဝမ်ငယ်သာဘယ်သူမှန်းသိသွားရင်ပိုးဥအတွက်မထင်မှတ်ထားတာတွေကြုံလာတတ်တာမို့သူခေါ်မလာခြင်းဘဲ။ခေါ်မလာရခြင်းရဲ့ရလဒ်ကြောင့်အိမ်အပြန်လက်ဆောင်အဖြစ်ငယ့်ကိုချော့ရပါမည်။

*ကျန့်....*

ဆိုကာသူ့လက်မောင်းပေါ်တွဲခိုလာတဲ့အရေတွန့်နေတဲ့လက်ကြီးကြောင့်sean အန်ချင်မိသွားတယ်။ခေါင်းလေးစောင်းငဲ့ကြည့်မိတော့မိက်ကပ်ထူထူနဲ့အန်တီကြီး။ငယ်မှမဟုတ်ရင်မဖြစ်တဲ့သူကဒီလိုအငွေ့အသက်တွေကြောင့်လူကအသက်ရူမချောင်တော့။

*ဖယ်စမ်း...*

*Oh. ..seanတို့ကဆန်းပွင့်တယ်ဗျာ*

*ဖယ်လို့ပြောနေတယ်လေ!!!!*

*ဟာ...ကျန့်ကလည်းကွာ...ဒီညတို့နဲ့မပျော်ချင်ဘူးလား*

မယ်ရီဆိုတဲ့သူမကယောကျာ်းတိုင်းရဲ့ပါးစပ်ဖျားမှာစွဲနေအောင်သူမအလှအပကပုရိသတိုင်းကိုဆွဲငင်နိုင်တယ်။ဒါပေ့မဲ့ဒီseanဆိုတဲ့တစ်ယောက်ကလူအများခြားထင်းလင်းနေတော့သူ့အရှိန်အဝါကအလိုလိုထင်းလာပြီးသား။သူမရဲ့အာရုံစိုက်မူခံရတဲ့seanကသူ့ကိုယ်သူဂုဏ်ယူနေလိမ့်မယ်လို့ထင်တဲ့သူမအထင်ကတက်တက်စင်အောင်လွဲခဲ့တယ်။

sean'sWhere stories live. Discover now