*ဝမ်လုံးငယ်..ရေ*
ရှောင်ကျန့်အိမ်ပြန်ရောက်တော့ပိုးဥကအပြင်လာထွက်မကြိုတော့သူ့ရင်ထဲဟာသွားတယ်။ဒီကလေးဘယ်များသွားနေပါလိမ့်။တွေ့တော့မှအနမ်းကြီးကြီးပေးပစ်မယ်။အခန်းထဲမှာများလားသွားကြည့်မိတော့ကျွန်တော့စိတ်ထဲဝမ်းနည်းစိတ်တွေဖြစ်လာတယ်။ဝမ်ငယ်ကသူ့ဝယ်ပေးထားတဲ့အရုပ်ကလေးတွေနဲ့စကားပြောနေတယ်။
*မင်းတို့..သိကြလား...ငါလေ...သူငယ်ချင်းလိုချင်တာကွ....ဒီလိုကျောင်းပိတ်ရက်မျိုးတွေမှာလေ...အင်းးး*
ဝမ်ငယ့်ကိုတော့သူသနားပါတယ်။ဒါပေ့မဲ့သူငယ်ချင်းကတော့ထားမရဘူး။ကျွန်တော်ကဝမ်ငယ်နဲ့ပက်သက်လာရင်အရမ်းကိုမှ။အခုဆိုပိုဆိုးပြီသူမမြင်ဖူးတဲ့လူတစ်ယောက်ကဝမ်ငယ်ကိုလိုချင်နေတာ။ဝမ်ငယ်ကသူ့အပိုင်သူတစ်ယောက်ထဲအတွက်ဘဲ။
*ဝမ်လုံးငယ်..*
အရုပ်တွေနဲ့ဆော့နေတဲ့ကလေးကိုအနောက်ကျောကိုသိုင်းဖက်ရင်းပုခုံးပေါ်မေးလေတင်ရင်းမချင့်မရဲလေးဖက်ထားမိတယ်။သူအကြမ်းအရမ်းဖက်လိုက်ရင်သူ့ကလေးနာသွားမှာအရမ်းစိုးတယ်။
*ဗျာ....*
*စားပြီးပြီးလား...ဝမ်ကလေးရဲ့*
*သားက...ဦးမှခွံ့မကျွေးရင်ထမင်းမစားတတ်တဲ့...baby wang. ..ပါနော်*
*ဟုတ်ပါပြီဗျာ...ဝမ်အတတ်လေး...ဦးတို့ထမင်းသွားစားကြမယ်...လာ*
-------------------------------------*မင်းအခုချိန်..ပျော်နေလောက်ရောပေ့...ကိုကို..ငါ့မှာသေလောက်အောင်ချစ်ခဲ့ရတာကွ..အား!!!!*
အလင်းရောင်တစ်စွန်းတစ်စမတွေ့ရတဲ့အခန်းကြီးတစ်ခုထဲမှာရူးမတတ်ဖြစ်နေတဲ့လူတစ်ယောက်။စားပွဲပေါ်ကရွှေဘောင်လေးကွပ်ထားတဲ့ဓာက်ပုံမှန်ထောင်လေး။ဓာက်ပုံထဲကလူသုံးဦးရဲ့အပြုံးကအသက်ဝင်နေသလောက်ဓာက်ပုံကိုကြည့်နေတဲ့လူရဲ့မျက်ဝန်းတွေကနားကျည်းချက်တွေမုန်းတီးခြင်းတွေနဲ့ပြည့်နက်နေတယ်။
မှန်ဘောင်လေးရဲ့ထောင့်လေးမှာရေးထားတဲ့စာသားလေးကအသက်ဝင်တုန်း။
*ကိုကို.....အရမ်းချစ်တယ်*
-------------------------------------*ပါးပါး...*
ဟော.လာပါပြီ..ဝမ်အသက်ကလေး။ဖြူစင်လွန်းတယ်။နူးညံ့ခြင်းတွေပါဝင်နေတဲ့မျက်လုံးလေးတွေကအရောင်လင်းလက်လွန်းတယ်။တူလွန်းတယ် ဝမ်ကလေးရယ်။