Ch-5 Part 2

861 199 4
                                    

Unicode

ဟန်ဇီချန်းက သူမော့ယွင်ကိုခေါ်ပြီး လီဟိုက်နဲ့သွားတွေ့နေတုန်းကို ဖန်းလီကိုရှာပြီး ဝမ်ရို့ချန်ခဲ့တဲ့ တခြားသဲလွန်စတွေ ရှိမရှိစစ်ဆေးဖို့ ရှဖန်ကိုတာဝန်ပေးခဲ့တယ်။

လီဇီလေးက ရဲစခန်းမှာနေခဲ့ပြီး ITနယ်ပယ်မှာ တခြားဘာတွေ ဖော်ထုတ်နိုင်ဦးမလဲဆိုတာကို မျက်ချည်မပြတ်စောင့်ကြည့်မှာဖြစ်တယ်။

လီဟိုက်ရဲ့ကုမ္ပဏီက ရှင်းယန်အင်တာနေရှင်နယ်လို့ လူသိများတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အခွန်အများအပြားဆောင်ရတယ်။

လီဟိုက်နဲ့သူ့ဇနီးယန်ရှုဖန်တို့ နှစ်ယောက်လုံးက အောင်မြင်နေတဲ့ စွန့်ဦးတီထွင်သူတွေဖြစ်ပြီး အမျိုးမျိုးသော မီဒီယာတွေရဲ့ စီးပွားရေးကဏ္ဍတွေမှာ ဖော်ပြခြင်းခံရသူတွေပဲဖြစ်တယ်။

လီဟိုက်နဲ့တွေ့ဆုံဖို့က သိပ်ခက်ခက်ခဲခဲ မဖြစ်ခဲ့ဘူး။ 

သူက ခြိမ်းခြောက်စာရခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပေမဲ့ တစ်ဖက်လူနဲ့ တွေ့ဆုံဖို့ချိန်းခဲ့တာကိုတော့ ဝန်မခံခဲ့ဘူး။

တစ်ဖက်လူက ဝမ်ရို့မှန်းတောင် မသိဘူးလို့ပြောသေးတယ်။

လီဟိုက်က သူဒီမေးလ်ကို အလေးအနက်မထားခဲ့ဘူးလို့ အခိုင်အမာပြောနေခဲ့တယ်။ သူကဘာပစ္စည်းမှ လက်ခံရရှိခြင်းမရှိခဲ့တာကြောင့်မို့ အဲဒီမေးလ်ကို နောက်ပြောင်ပြီးပို့ခဲ့တယ်လို့ သတ်မှတ်ထားခဲ့တယ်။

ဟန်ဇီချန်းက မေးလ်ကိုပရင့်ထုတ်ထားတဲ့ စာရွက်တစ်စောင်ကို လီဟိုက်ရှေ့မှ ချလိုက်တယ်။

လီဟိုက်က အဲဒါကိုခဏလောက်ကြည့်ပြီး နည်းနည်းကြောင်အသွားပေမဲ့ သူ့ခေါင်းကိုခါရမ်းကာ အဲဒီမေးလ်ကို ပြန်စာမပို့ခဲ့ဘူးလို့ပဲ ဆက်ပြောနေတယ်။ သူကတစ်ဖက်လူကို မမြင်ဖူးသလို တစ်ဖက်လူက သူ့ဆီခြိမ်းခြောက်စာပို့ပြီး ဘာလုပ်ဖို့ကြံစည်နေမှန်း မသိဘူးလို့လည်းပြောတယ်။

လူသတ်တရားခံ လျောင်ရှောင်ချင်းကို မှတ်မိလားလို့ ဟန်ဇီချန်း လီဟိုက်ကို မေးလိုက်ပေမဲ့ လီဟိုက်ဆီက မမှတ်မိဘူးဆိုတဲ့ အဖြေပဲရလာတယ်။

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Where stories live. Discover now