Ch-1 Part 1

2.7K 272 6
                                    

Unicode

မြို့တော်ရဲစခန်းအဆောက်အဦးရဲ့ ရှစ်လွှာမှာ တောင်ဘက်ကို မျက်နှာမူထားတဲ့ ကြီးမားတဲ့ရုံးခန်းကြီးတစ်ခုရှိတယ်။ အဲဒီရုံးခန်းကြီးက ကျယ်ဝန်းပြီး တောက်ပနေတယ်။ computerတွေ၊ printerတွေ၊ မိတ္ထူစက်တွေ၊ electronic whiteboardတွေ၊ စခရင်အကြီးကြီးတွေနဲ့ ခမ်းနားစွာ အလှဆင်ထားတယ်။ တခြားရုံးသုံးပစ္စည်းတွေကိုလည်း လွယ်လင့်တကူ ရနိုင်သေးတယ်။ ယုတ်စွအဆုံး စားပွဲတွေ၊ ကုလားထိုင်တွေကိုတောင်မှ အဆင့်အတန်းမြင့်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာဖြစ်တယ်။

ရုံးတံခါးပေါက်ဝမှာတော့ အထူးစုံစမ်းရေးအဖွဲ့ကို ကိုယ်စားပြုတဲ့ ရွှေရောင်တံခါးရွက်ကို တပ်ဆင်ထားတယ်။

SCT(special case team)လို့ခေါ်တဲ့ အထူးစုံစမ်းရေးအဖွဲ့က ထူးဆန်းပြီးတော့ ဖြေရှင်းရခက်တဲ့ အမှုကိစ္စတွေကိုသာ ကိုင်တွယ်ရတဲ့အဖွဲ့ဖြစ်တယ်။

ဒါက ရှဖန် ဌာနကိုရောက်ရောက်ချင်းပဲ ဒါရိုက်တာကန်းပေါ် သူမကိုပြောလိုက်တဲ့ စကားတွေဖြစ်တယ်။

ရှဖန်က သူ့စကားတွေကို ဆုံးအောင်နားထောင်ပြီးတာတောင်မှ အထူးစုံစမ်းရေးအဖွဲ့ကို ဝင်ချင်တဲ့ သူမရဲ့စိတ်က မပြောင်းလဲသေးဘူးဖြစ်တယ်။

ဒါပေမဲ့ အထူးစုံစမ်းရေးအဖွဲ့ရဲ့ အဓိကအလုပ်က ဖြစ်နေကျမဟုတ်တဲ့ အမှုကိစ္စတွေကိုသာ အမှန်တကယ် ကိုင်တွယ်ဖြေရှင်းနေလိမ့်မယ်လို့တော့ သူမမမျှော်လင့်ထားခဲ့ဘူး။

သို့ပေမဲ့ သူတို့ရဲ့အမှုရွေးချယ်မှု သတ်မှတ်ချက်အရ ဘယ်အမှုကိုကိုင်တွယ်ရမလဲဆိုတာကတော့ ဌာနရဲ့ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်လေတယ်။

ရှဖန် ဒီနေရာမှာ နှစ်လကြာသည်အထိ လုပ်ခဲ့ပြီးပြီဖြစ်ပြီး 'ထူးဆန်းပြီးဖြစ်နေကျမဟုတ်တဲ့အမှု' လို့ အမည်တပ်ထားတဲ့ အမှုလေးတစ်ခုကိုတောင် တွေ့ရဖို့အဝေးကြီးလိုနေသေးတယ်။

တခြားတစ်ဖက်‌ကနေ ပြောရရင်တော့ သူမအလုပ်မရှိဘဲ လေနေသည်မှာ နှစ်လရှိပြီဖြစ်ပြီး သူမ၏လေ့လာချက်များအရ အကန့်အသတ်မရှိ ဆက်ပြီး အလေလိုက်နေရဦးမယ့်ပုံပေါ်တယ်။

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Where stories live. Discover now