Ch-4 Part 2

981 205 4
                                    

Unicode

ဟန်ဇီချန်းက ပြုံးကာပြောလိုက်တယ်။
"ဒေါက်တာချန်းက ဒီလိုပြောနေပြီဆိုမှတော့ ကျွန်တော်နောက်ထပ် ထပ်မေးလို့ရပြီပေါ့၊ မေလ ၂၇ ရက်နေ့က ဒေါက်တာချန်း ဘယ်နေရာမှာ ရှိနေခဲ့ပါသလဲ?"

ဒေါက်တာချန်းက သူ့ကိုကြည့်ကာပြောလာတယ်။
"အဲဒီနေ့က တနင်္ဂနွေနေ့ပဲ၊ ကျွန်မအိမ်မှာပဲ နားနေခဲ့တာ"

"ဒီလောက် အချိန်ကြာသွားခဲ့ပြီးတာတောင် ဒေါက်တာချန်းက အဲဒီနေ့က တနင်္ဂနွေနေ့ဆိုတာ ချက်ချင်းမှတ်မိ‌နိုင်သေးတယ်၊ ခင်ဗျားမှာ တော်တော်ကောင်းတဲ့ မှတ်ဉာဏ်ရှိတာပဲဗျ"

"အရာရှိဟန်၊ လျောင်ရှောင်ချင်းမှာ တစ်စုံတစ်ရာဖြစ်ပျက်ခဲ့တယ်ဆိုတာ ကျွန်မသိနေခဲ့ပြီးသားပဲလေ၊ ဒါကြောင့် သဘာဝကျကျပဲ အဲဒီနေ့ကို စိတ်ထဲရှိနေတာ၊ အဲဒီနေ့က တနင်္ဂနွေနေ့ဆိုတာကို ကျွန်မမှတ်မိနေတာ မထူးဆန်းပါဘူး၊ ကျွန်မမှာလုပ်စရာတွေ ရှိသေးတယ်ရှင့်၊ ရှင်တို့နှစ်ယောက်ကို ဆက်ဧည့်မခံနိုင်တော့ဘူး၊ ကျေးဇူးပြုပြီး ‌ပြန်ပေးကြပါ"

ဟန်ဇီချန်းနဲ့သူမကို ထွက်သွားဖို့ပြောလာတာကြောင့် ရှဖန် နည်းနည်းမကျေမနပ်ဖြစ်မိသွားတယ်။

သူမတို့ကားပေါ်ပြန်ရောက်တဲ့အခါမှာတော့ မတတ်နိုင်ပဲ သူ့ကိုကွန်ပလိန်းတက်မိတော့တယ်။
"ရှင် အဲဒီဆရာဝန်ကို သံသယရှိတဲ့လူလို့ ထင်မိတယ်ဆိုရင်လည်း သတိလေးဘာလေ ပိုထားသင့်တယ်၊ အခုတော့ရှင်က မြွေကိုသွားလှန့်လိုက်မိပြီ၊ ကျွန်မတို့ဘာမှရှာတွေ့မှာ မဟုတ်တော့ဘူး"

ဟန်ဇီချန်းကပြန်ပြောတယ်။
"သူမက အပိုတွေလုပ်နေတာပဲ၊ အဲဒီလိုလူမျိုးက မင်းသူ့ကိုအရင်ဆွလိုက်မှ သူကတွင်းထဲကနေ ထွက်လာမှာ၊ အနည်းဆုံးတော့ ငါတို့အခု နံပါတ်၂၇က ထူးခြားတာသိခဲ့ရတာပဲ၊ အဲဒီနံပါတ်က ကြုံရာကျပမ်းဆွဲထားတာမဟုတ်ဘူး၊ ပြီးတော့အခု လျောင်ရှောင်ချင်းရဲ့ ထူးဆန်းတဲ့အပြုအမူအတွက် တခြားယုတ္တိရှိတဲ့ ရှင်းပြချက်တစ်ခုကို ရခဲ့တာပဲမဟုတ်လား?"

သူက ကားစက်နှိုးရင်း ပြောလာတယ်။
"မင်း လျောင်ရှောင်ယွိနဲ့လျောင်ရှောင်ချင်းကို သွားရှာပြီး အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ရည်းစားဆိုတာကြီးနဲ့ နံပါတ်၂၇ရဲ့ အဓိပ္ပါယ်ကို သိရအောင်လုပ်ခဲ့၊ အဲဒီအချိန်အတွင်း အမှုဖြစ်တဲ့အချိန်မှာ ဆရာဝန်ဘယ်နေရာမှာ ရှိနေခဲ့သလဲဆိုတာ ငါသွားစစ်လိုက်မယ်၊ ပြီးရင် သူနဲ့ဖန်းလီတို့ကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိလဲပါ ကြည့်ရမယ်"

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Where stories live. Discover now