Ch-6 Part 1

901 184 1
                                    

Unicode

ရှဖန်က နောက်ထပ်အံ့ဩစရာ သတင်းတစ်ခုလည်း သယ်လာခဲ့သေးတယ်။ လီဟိုက်အကြောင်း ဝမ်ရို့ကိုစုံစမ်းခိုင်းထားတဲ့လူက တကယ်တော့ လျောင်ရှောင်ယွိပဲ။ လျောင်ရှောင်ယွိရဲ့အကောင့်ကို ရှဖန်စစ်ခဲ့တုန်းက အကောင့်တစ်ခုတည်းကို သုံးလဆက်တိုက် ငွေလွှဲထားတာ တွေ့ခဲ့ရတယ်။ အဲဒီအကောင့်က ဝမ်ရို့ လီဟိုက်ကို ငွေညှစ်တုန်းက ငွေလက်ခံယူခဲ့တဲ့ အကောင့်ပဲ။

အပျော်မယားက သူ့သူဌေးရဲ့ဖောက်ပြန်တဲ့အမှုကို လိုက်စုံစမ်းတယ်လား?

တကယ်ထူးဆန်းတာပဲ။ ဟန်ဇီချန်း အတွေးနက်သွားတယ်။ သူမှတ်တမ်းတွေကို ပြန်ကြည့်လိုက်တော့ လျောင်ရှောင်ယွိ လီဟိုက်ကိုစုံစမ်းထားတာ လွန်ခဲ့တဲ့နှစ်နှစ်ကဆိုတာ တွေ့လိုက်ရတယ်။ အဲဒီအချိန်က လျောင်ရှောင်ချင်း သူ့ချစ်သူအကြောင်း ဒေါက်တာချန်ကို ပြောပြတဲ့အချိန်ပဲ။ အဲဒီအချိန်တုန်းက ဒေါက်တာချန်က အစ်မဖြစ်သူကို သူ့မှာချစ်သူရှိလားဆိုပြီး မေးခဲ့ပေမဲ့ သူမက မရှိဘူးလို့ပဲပြောခဲ့တယ်။ 

ဒါဆို လျောင်ရှောင်ယွိ အလွတ်တမ်းစုံထောက်ကို စုံစမ်းခိုင်းခဲ့တာက လီဟိုက်နဲ့လျောင်ရှောင်ချင်းတို့ အကြောင်းပေါ့။ နာမည်ကျော် စီးပွားရေးပညာရှင်ကြီးက အပျော်မယားထားရုံတင်မကဘူး သူ့ညီမနဲ့ပါ မရှင်းမရှင်းဖြစ်နေတယ်။ ဒါ သတင်းအကြီးစားကြီးပဲ။ ဝမ်ရို့ စုံစမ်းနေတုန်း မလျော်ကန်တဲ့ပုံတွေကိုသာ ရိုက်မိခဲ့ရင် ပိုပြီးတော့တောင် စိတ်လှုပ်ရှားဖို့ကောင်းမှာ။

"အကြီးမရဲ့သံသယက ပိုပိုပြီး ကြီးထွားလာပုံပဲ"
ရှဖန်က သူ့အမြင်ကို ပြောပြလေတယ်။
"လျောင်ရှောင်ချင်းက ဝမ်ရို့ကိုသတ်ပြီးတော့ ထောင်ကျမယ်၊ ဒါက ခဲတစ်လုံးထဲနဲ့ ဌက်နှစ်ကောင်ပစ်တာပဲ၊ ဝမ်ရို့က လီဟိုက်ကိုငွေညှစ်တော့ လျောင်ရှောင်ယွိက သူ့ကိုယ်သူ အရှုပ်ထဲကရုန်းထွက်ပြီး သူမနဲ့လီဟိုက်ရဲ့ဆက်ဆံရေးကို ဖျက်ဆီးပစ်တယ်၊ သူတို့ဖောက်ပြန်တာသာ ပေါ်သွားရင် အနာဂတ်မှာ သူ့ကိုပြန်မကပ်နိုင်မှာပဲ စိုးရတယ်၊ ဒါကြောင့် လျောင်ရှောင်ယွိမှာ ဝမ်ရို့ကိုသတ်ဖို့ အကြောင်းပြချက်ကောင်းရှိတယ်၊ သူ့ညီမကလည်း သူ့လူကိုခိုးသွားတဲ့အပြင် လက်ထပ်ချင်ပါတယ်လို့တောင် ပြောနေသေးတယ်၊ ဒါပေါ့ သူမလွှတ်မပေးနိုင်ဘူးပေါ့၊ အိပ်မွေ့ချပြီး စိတ်ညှို့တဲ့ပညာကိုသာ တကယ်သုံးလို့ရခဲ့ရင် လျောင်ရှောင်ချင်းကလည်း သူမစောင့်ကြည့်မှုအောက်ကလူဆိုတော့ သူမစလုပ်လို့ရပြီလေ"

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Where stories live. Discover now