Ch-4 Part 1

897 200 3
                                    

Unicode

လျောင်ရှောင်ချင်းကို ကုသပေးနေတဲ့ဆရာဝန်ရဲ့ မျိုးရိုးနာမည်က ချန်း ဖြစ်တယ်။

သူမက ကြင်နာတတ်တဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဟန်ဇီချန်းနဲ့ရှဖန်တို့ ပြောပြတဲ့အကြောင်းကို နားထောင်ပြီးနောက်မှာတော့ သူမက ကောင်းကောင်းမွန်မွန် ပူးပေါင်းပေးပြီး လျောင်ရှောင်ချင်းရဲ့အကြောင်းကို ပြောပြလေတယ်။

"သူမကသိပ်လိမ္မာပြီး သနားဖို့ကောင်းတဲ့ ကလေးမလေးပါ၊ ဒါပေမဲ့ သူ့အခြေအနေကိုတော့ ကောင်းကောင်းထိန်းထားခဲ့ပါတယ်၊ အထူးသဖြင့် လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာပေါ့၊ သူမအခြေအနေက အခြေခံအားဖြင့်တော့ သာမန်ဘဝနဲ့နေနိုင်နေပြီ၊ သူမကသုံးလတစ်ကြိမ်လောက်ပဲ စစ်ဆေးဖို့အတွက် ပြန်လာတတ်ပါတယ်"

"သူမရဲ့ကျန်းမာရေးအခြေအနေက တစ်နည်းနည်းနဲ့ လှုံ့ဆော်ပေးတာမျိုးခံရတဲ့အခါမှာ အကြမ်းဖက်တာတွေဘာတွေ ဖြစ်လာနိုင်ပါသလား?"

"မဖြစ်နိုင်ပါဘူး"

"သူမလိုcaseမျိုးက အကြမ်းဖက်ဖို့ထက် သူ့ကိုယ်သူပြန်ပြီး ထိခိုက်စေတာမျိုးက ပိုဖြစ်နိုင်လိမ့်မယ်၊ ပြီးတော့ သူမကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံစည်ခဲ့တဲ့အတွက်ကြောင့် ရှေ့နှစ်တွေမှာ‌တုန်းက သုံးကြိမ်တောင် အတင်းအကြပ် ကုသမှုခံယူခိုင်းခဲ့ပါတယ်၊ သူဖြည်းဖြည်းချင်း ပြန်ကောင်းလာခဲ့ပြီးတော့ ၂၀၀၇ခုနစ်ကစပြီး မယုံနိုင်လောက်အောင် လျင်လျင်မြန်မြန် ပြန်ကောင်းလာခဲ့တယ်၊ ကျွန်မကတော့ ချစ်မိသွားခဲ့တာက သူ့ရဲ့စိတ်အခြေအနေကို အထောက်အကူဖြစ်စေခဲ့တယ်လို့ ထင်မိတယ်"

"ချစ်မိသွားတယ်?"

ဟန်ဇီချန်းက လျောင်ရှောင်ချင်းရဲ့ပန်းချီစာအုပ်ကို လှန်လှောနေခြင်းအား ရပ်တန့်လိုက်ပြီး ရှဖန်ကိုလှည့်ကြည့်လိုက်တယ်။

"သူ့ချစ်သူကဘယ်သူများလဲ?"

လျောင်ရှောင်ချင်းမှာ ထိတွေ့ဆက်ဆံစရာ အပေါင်းအသင်းမရှိဘူး။ ချစ်သူတစ်ယောက်ကို သူဘယ်ကရသွားတာလဲ?

ပြီးတော့ လျောင်ရှောင်ယွိကလည်း သူ့ညီမရဲ့အချစ်ရေးကိစ္စကို တစ်ခွန်းမှမဟခဲ့ဘူး။ သူမမသိတာများလား?

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Where stories live. Discover now