Ch-3 Part 1

913 204 10
                                    

Unicode

နောက်တစ်နေ့ရောက်တော့ ရှဖန်ဟာ ကော်ဖီဆိုင်မှာစောင့်နေတဲ့ ဟန်ဇီချန်းကိုတွေ့ဖို့ Audi S8 ကိုမောင်းသွားခဲ့တယ်။ သူမလာတာမြင်တော့ သူကအပြုံးတစ်ခုနဲ့ လေချွန်လိုက်လေတယ်။

ရှဖန်က ကားကိုအမြန်ပါကင်ထိုးကာ ကားပေါ်ကဆင်းပြီး ဟန်ဇီချန်းကိုလက်ပြလိုက်တယ်။ ပြီးနောက် သူမကကားအနောက်ခန်းကိုဖွင့်ကာ ဝင်ထိုင်နေလိုက်တယ်။

ဟန်ဇီချန်းက ကားပေါ်တက်လိုက်ပြီး..
"မင်းရဲ့ရည်းစားနေရာကနေ သရုပ်ဆောင်ရမယ်လို့ထင်ခဲ့တာ၊ အဲဒါကြောင့် ဒီနေ့ အရမ်းခန့်ခန့်ညားညား ဝတ်စားလာတာလေ"

ရှဖန်က ခပ်ရိုင်းရိုင်းပဲပြန်ဖြေလိုက်တယ်။
"ကျွန်မ ဒရိုင်ဘာ အလုပ်လာရင် ဝတ်စားလာတဲ့ အဝတ်အစားတွေကလည်း ဒီထက်ပိုဆိုးမနေပါဘူး"

ဟန်ဇီချန်းက သဘောတကျပြုံးလိုက်တယ်။
"မင်းကအရမ်းပုံတုံးတာပဲ"

"အဆင်ပြေပါတယ်"
ရှဖန်ဝတ်ထားတာက နည်းနည်းတော့ ပုံတုံးနေလေတယ်။

"ဘယ်လိုဇာတ်လမ်းမျိုး စဉ်းစားထားလဲ?"
ဟန်ဇီချန်းက အစီအစဉ်ကို စတင်အတည်ပြုလိုက်တယ်။

"ဂန္တဝင်သူရဲကောင်းရဲ့ အာဃာတ"

သူတို့နှစ်ယောက်ဟာ ဖုန်းကျန်းယန်ရဲ့ ဟောခန်းရှိရာကို ဘာအကြောင်းတစ်စုံတစ်ရာမှမရှိဘဲ ရောက်သွားခဲ့တယ်။

အဲဒီဟောခန်းက တကယ်တော့ အိုဟောင်းနေတဲ့ လူနေအဆောက်အဦးတစ်ခုသာဖြစ်တယ်။ လူအိုကြီးတချို့ဟာ သစ်ပင်အောက်မှာထိုင်ရင်း ချက်စ်ကစားနေကြတယ်။ အောက်ထပ်မှာဆိုရင် ဈေးဆိုင်ငယ်လေးတစ်ခုရှိပြီး လူတချို့ဟာ အအေးဝယ်ရင်း စကားပြောနေကြလေတယ်။

ဟန်ဇီချန်းက အဆင့်အတန်းရှိတဲ့ ကိုယ်ပိုင်ယာဉ်မောင်းနဲ့ သက်တော်စောင့်တစ်ယောက်လို သရုပ်ဆောင်လိုက်ပြီး သူ့မမလေးအတွက် ကားတံခါးကိုဖွင့်ပေးလိုက်ကာ လှေကားဆီသူမကို လိုက်ပါပို့ဆောင်ပေးလေတယ်။

အဆောက်အဦးထဲကို ဝင်လိုက်ပြီးတာနဲ့ သူကရှဖန်အနားကိုကပ်ကာ တိုးတိုးလေးပြောလိုက်တယ်။
"ဒီအဆောက်အဦးမှာ အရှိန်အဝါတစ်ခုရှိတယ်၊ ငါ့အပေါ်ကိုသက်ရောက်သွားပြီးပြီ၊ ဆရာဖုန်းက ငါတို့ရောက်လာတာကို ကြိုသိနေတယ်ဆိုတာငါသိတယ်၊ သူမင်းကို နွေးနွေးထွေးထွေး ကြိုဆိုလိမ့်မယ်၊ ပြီးတော့ ငါတို့ သခင်နဲ့အစေခံလို ရောက်လာတာတောင်မှ ငါတို့ကအတွဲတွေဆိုတာပါ သူသိနေလိမ့်မယ်"

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Where stories live. Discover now