Ch-3 Part 2

922 196 5
                                    

Unicode

ဖုန်းကျန်းယန်က သူ့လက်ချောင်းတွေကိုထိပြီး စတင်ရေတွက်လိုက်ပြန်တယ်။ ပြီးနောက် သူက ရှဖန်ရဲ့မျက်နှာကို လေးလေးနက်နက်ကြည့်ပြီး ပြောလာတယ်။

"တကယ်ကို သရဲတစ်ကောင်ရဲ့လုပ်‌ရပ်ဖြစ်နေမှာ ကြောက်ရတယ်၊ မင်းပြောပြတဲ့အခြေအနေက လူတစ်ယောက် သရဲဝင်ပူးခံရတဲ့ပုံစံနဲ့ လုံးဝတစ်ပုံစံတည်းပဲ...
လုံးဝဖယ်ရှားပစ်ဖို့ဆိုရင် ရိုးရာပွဲတော်တစ်ခုလုပ်ဖို့လိုတယ်၊ ဒီကိစ္စက နှောင့်နှေးနေလို့မသင့်ဘူး၊ နောက်ထပ်ထပ်ဖြစ်နေမယ်ဆိုရင် မင်းဘဝအတွက် ကြောက်လန့်စရာတွေဖြစ်လာလိမ့်မယ်"

ထို့နောက် ဖုန်းကျန်းယန်က သရဲဝင်ပူးခံရခြင်းရဲ့ အန္တရာယ်ရှိပုံတွေကို စတင်ရှင်းပြလိုက်ပြီး ဝိဉာဉ်ကိုသန့်စင်ဖို့အတွက် ရိုးရာဓလေ့လုပ်ရာမှာ လိုအပ်တဲ့အချက်တွေနဲ့ အရေးကြီးပုံတွေကိုပါ ပြောပြလိုက်တယ်။

ရှဖန်က ကြောက်ရွံ့နေသလိုမျိုး သရုပ်ဆောင်လိုက်ပြီး ဒီနေ့ညပဲလုပ်လိုက်ရမလားလို့ မေးလိုက်တယ်။

ဖုန်းကျန်းယန်က ရှက်ရွံ့နေပုံရပြီး ပြောလာတယ်။
"ဒီဂါထာမန္တန်ကို ပုံဖော်ဖို့က အချိန်အင်အား အရမ်းကုန်တယ်၊ ကောင်းကောင်းမွန်မွန် ပြီးသွားဖို့ကို ခုနစ်ရာလေးဆယ့်ကိုးရက် ပြင်ဆင်ထားသင့်တယ်၊ ဒါပေမဲ့ မိန်းကလေးရဲ့ လက်ရှိအခြေအနေက အရမ်းကိုအရေးကြီးနေတာဆိုတော့ ဖြစ်နိုင်သမျှ မြန်မြန်ပြီးအောင် လုပ်ပေးပါ့မယ်"

ရှဖန်ကပြုံးလိုက်ကာ စီစဉ်ရမှာတွေနဲ့ ပတ်သက်ပြီး ဖုန်းကျန်းယန်နဲ့ စတင်ဆွေးနွေးတော့တယ်။ ပြီးတော့ အဲဒီဓလေ့ထုံးတမ်းကိုလုပ်ဖို့ ဘယ်လောက်ကုန်ကျမလဲဆိုတာပါ မေးလိုက်တယ်။

ဖုန်းကျန်းယန်က ဝိဉာဉ်တွေကိုပေးကမ်းတဲ့ ငွေစက္ကူအထပ်လိုက်ကြီးကို ဆွဲထုတ်လိုက်ပြီး ငွေပမာဏက အကူအညီတောင်းသူရဲ့ ရိုးသားမှုကိုပြတယ်လို့ ပြောလာလေတယ်။ ပြီးတော့ ငွေပမာဏများလေ ရလဒ်ကောင်းလေဆိုပဲ။

ရှဖန် ရွံသွားတယ်။ ဒါပေမဲ့ ရိုးသားမှုအပြည့်နဲ့ မျက်နှာပေးကို ဆင်မြန်းထားပြီး ပိုက်ဆံက ပြဿနာမဟုတ်ပါဘူးလို့ ပြောလိုက်တယ်။

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Where stories live. Discover now