Ch-2 Part 2

1K 201 6
                                    

Unicode

လျောင်ရှောင်ချင်းကို ကြိမ်ဖန်များစွာ စစ်မေးတာတောင်မှ ရှဖန် အသုံးဝင်တဲ့ သတင်းအချက်အလက် တစ်ခုမှမရခဲ့လေဘူး။

သူမအပြင်ကိုပြန်ထွက်လာတော့ ဟန်ဇီချန်းက ရဲမေတစ်ယောက်ကို စကားပြောနေတာ တွေ့လိုက်ရတယ်။

ရှဖန် သူမနှလုံးသားထဲမှာ တော်တော်လေး မပျော်မရွှင်ဖြစ်သွားတယ်။ ဒီလူကတကယ်ကိုပဲ သင့်တင့်လျောက်ပတ်မှုမရှိဘူးလို့ သူမခံစားနေရတယ်။

သူမရဲ့ပျက်ယွင်းနေတဲ့မျက်နှာကိုမြင်တော့ ဟန်ဇီချန်းက ရဲမေလေးကို နှုတ်ဆက်စကားပြောလိုက်ပြီး သူမဆီကိုလျှောက်လှမ်းလာတယ်။

"ဘယ်လိုလဲ? မင်းသူ့ဆီက ဘာမှမေးလို့မရခဲ့ဘူး ဟုတ်တယ်မဟုတ်လား?"

ရှဖန်က မျက်နှာသိပ်မကောင်းဘူး။
"အဲဒါဆို အဖွဲ့ခေါင်းဆောင်ဟန်ရော အသုံးဝင်တဲ့ သတင်းအချက်အလက်လေးများ ရခဲ့သေးလား?"

ဟန်ဇီချန်းကပြောလိုက်တယ်။
"လျောင်ရှောင်ချင်းရဲ့အစ်မက သူ့ညီမအပေါ် အတော်လေးကောင်းတယ်၊ သူကသူမဆီကို မကြာခဏလာလည်တယ်၊ ပစ္စည်းတွေပေးတယ်၊ သူမအတွက် ဆေးအာမခံများ ရမလားလို့မျှော်လင့်ပြီး နာမည်ကြီးရှေ့နေကိုတောင် ရှာခဲ့သေးတယ်၊ ဒါပေမဲ့ လူသတ်မှုကြီးတစ်ခုဖြစ်တာကြောင့် အာမခံမပေးခဲ့ကြဘူး"

ရှဖန်ကလှောင်လိုက်ပြီး အသံပျော့ပျော့နဲ့ ပြောလိုက်တယ်။
"တကယ်ကို အသုံးဝင်လွန်းတဲ့ သဲလွန်စကြီးပဲ"

ဟန်ဇီချန်းက ရယ်လိုက်ပြီးပြောလိုက်တယ်။
"အလှလေးရဲ့ မှုခင်းဖိုင်တွေထဲမှာ ပြောထားတာက သူတို့ညီအစ်မရဲ့မိဘတွေက ကားအက်စီးဒန့်စ်ဖြစ်ပြီး သေဆုံးခဲ့တာတဲ့၊ ပြီးတော့ အငယ်မလေးက အလုပ်လက်မဲ့လေး၊ ဒါကြောင့် အစ်မဖြစ်သူတစ်ယောက်တည်းကပဲ ဒီမိသားစုကိုထောက်ပံ့ပေးနေရတာ၊ ပြောတာတော့ အစ်မဖြစ်သူမှာ အလုပ်နဲ့သက်ဆိုင်တဲ့ ဘွဲ့တစ်ခုပဲရှိပြီး အခုလက်ရှိသူက အတွင်းရေးမှူးလေးတစ်ယောက်ပဲ ဖြစ်နေပေမဲ့လို့ တစ်နည်းနည်းနဲ့ တုန်းဟွာလမ်းမကြီးပေါ်က လူနေအိမ်ရာတစ်ခုမှာ သူ့ညီမနဲ့အတူနေနိုင်ဖို့ စီမံနိုင်ခဲ့တယ်၊ သူ့ညီမ စိတ်ပိုင်းဆိုင်ရာ ပြန်ကောင်းလာဖို့အတွက် ကျွမ်းကျင်ဆရာဝန်တစ်ယောက်ကိုလည်း ငှားပေးခဲ့သေးတယ်၊ ငါ ဒီကလူတွေနဲ့ စကားပြောကြည့်တော့ သူ့ညီမဆီကိုလာတဲ့အခါတိုင်း အဝတ်ကောင်းတွေဝတ်၊ ကားကောင်းကြီးစီးပြီး လာတယ်ဆိုတာသိခဲ့ရတယ်၊ လာပို့တဲ့ပစ္စည်းတွေကလည်း ဈေးကြီးတဲ့ပစ္စည်းတွေချည်းပဲ၊ ပြီးတော့ သူငှားထားတဲ့ရှေ့နေ့ကလည်း ဈေးကြီးပေးရတဲ့ရှေ့နေ ဖြစ်နေရုံတင်မကဘူး၊ ဒီနယ်ပယ်မှာ အတော်ဆုံးလူတွေထဲက တစ်ယောက်လည်း ဖြစ်နေသေးတယ်"

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Where stories live. Discover now