Ch-2 Part 1

1K 212 6
                                    

Unicode

သရဲအပူးခံရတယ်?

ဒီရှင်းပြချက်ကြီးကဘာလဲ? ရှဖန်သူ့ကို ဗလာမျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ်။

လီဇီလေးက သူ့လည်ပင်းမှာဆွဲထားတဲ့ ကွမ်ရင်ကျောက်စိမ်းကိုထုတ်လိုက်ပြီး 'အမီတာဘ' လို့ အချိန်ခဏလောက် ရွတ်ဆိုနေလိုက်တယ်။

ပြီးနောက် သူကမေးလိုက်တယ်။
"သရဲဆိုတာ တကယ်မရှိပါဘူးနော်၊ ရှိနိုင်လို့လား? ဒီအမှုကို သူတို့ဘယ်လိုများ စစ်ဆေးလိုက်တာလဲ?"

"တကယ်လို့ သူမသာ အမှန်တကယ် သရဲဝင်ပူးခံရတယ်ဆိုရင်တော့ ဒါကိုဖော်ထုတ်ဖို့က အတော်လေးစိတ်ဝင်စားဖို့ ကောင်းသွားပြီ၊ အဲဒီသရဲက ဘယ်ကလာတာလဲ?၊ သူမဘယ်လို အပူးခံလိုက်ရတာလဲ? သရဲရဲ့နောက်ကွယ်မှာသာ ကြိုးကိုင်နေတဲ့သူရှိနေမယ်ဆိုရင်၊ အဲဒီသရဲ ဒါမှမဟုတ် ကြိုးကိုင်သူရဲ့ ရည်ရွယ်ချက်ကဘာလဲ? ငါတို့တွေ ဒါရိုက်တာကန်းကို စိတ်မပျက်စေချင်ဘူးမဟုတ်လား?"

ဟန်ဇီချန်းက သူ့ခြေထောက်တွေကို တခြားခုံတစ်လုံးပေါ် ပျင်းရိစွာတင်လိုက်ပြီး နောက်ကိုမှီထိုင်လိုက်တယ်။ ရုံးကခုံက တကယ်ကို သက်သောင့်သက်သာရှိတာပဲ။

ရှဖန် မျက်မှောင်ကျုံ့လိုက်တယ်။ ဟန်ဇီချန်းရဲ့ အဓိပ္ပါယ်မရှိ ကရားရေလွှတ်ပြောနေတဲ့ စကားတွေကို သူမမကြိုက်ဘူး။

သူမက လက်ပိုက်လိုက်ပြီး အေးစက်စွာပြောလိုက်တယ်။
"ဆေးနဲ့ထိန်းချုပ်တာတို့၊ စိတ်ကိုထိန်းချုပ်တာတို့ဘက် လှည့်စဉ်းစားသင့်တယ်လို့ ကျွန်မထင်တယ်"

ဟန်ဇီချန်းက အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။
"အခင်းဖြစ်ပြီးတာ နှစ်လကျော်သွားပြီ၊ သူမ ဘာဆေးပဲသုံးမိခဲ့ သုံးမိခဲ့ အခုအချိန်ဆို ဆေးအာနိသင် ပျယ်သွားပြီးနေလောက်ပြီ၊ ဝမ်ရို့အလောင်းကိုလည်း မီးသင်္ဂြိုလ်ပြီးသွားပြီ၊ ဒါကြောင့် ငါတို့အလောင်းကိုလည်း စစ်ဆေးလို့မရတော့ဘူး၊ စိတ်ကိုထိန်းချုပ်ခံရတယ်ဆိုတာကျ ပိုပြီးတော့တောင် စစ်ကြည့်ဖို့ခက်ဦးမယ်"

ပြောပြီးတာနဲ့ သူကခုံပေါ်ကနေထလိုက်ကာ လီဇီလေးနဲ့မော့ယွင်ကို ပြောလိုက်တယ်။
"လီဇီလေး မင်းနဲ့တာ့ယွင် ဝမ်ရို့ဘက်ကိုသွားပြီးတော့ သဲလွန်စတွေ သွားရှာလာခဲ့၊ ဝမ်ရို့သေဆုံးမှုကနေ ဘယ်သူတွေ အကျိုးအမြတ်ရနိုင်တယ်ဆိုတာမျိုး၊ သူ့မိန်းမ၊ သူ့ချစ်သူ၊ ဒါမှမဟုတ် သူ့မှာရှိနိုင်တဲ့ ရန်သူတွေပေါ့၊ ပြီးတော့ တခြားမူမမှန်တာရှိမရှိ သူတို့ရဲ့ငွေရေးကြေးရေးအခြေအနေတွေ၊ ငွေဝင်ငွေထွက်စာရင်းတွေပါ စစ်ခဲ့လိုက်"

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Where stories live. Discover now