Ch-1 Part 2

1.3K 216 10
                                    

Unicode

ရှဖန် ဆက်ဖတ်လေလေ သူမရဲ့မျက်ခုံးတွေက စုကျုံ့လာလေလေဖြစ်ပြီး နောက်ဆုံးမတတ်သာဘဲ အော်လိုက်မိတော့တယ်။

"သရဲဝင်ပူးခံရတယ်? ဝင်ပူးခံရတယ်ဆိုတာ ဘာကိုပြောချင်တာလဲ? ဒီအမှုက ဘာအမှုကြီးလဲဟ!"

ဟန်ဇီချန်းကရယ်လိုက်ပြီး သူမရဲ့အသံအတိုင်းတုပကာ ကန်းပေါ်ဘက်ကိုလှည့်ပြီး မေးလိုက်တယ်။
"ဒါကဘယ်လို အမှုကြီးလဲဟ! သရဲဝင်ပူးခံရတယ်?"

ကန်းပေါ်က သူ့ကိုစိုက်ကြည့်ပြီး ပြောလိုက်တယ်။
"ထူးခြားတဲ့အမှုဆိုတာ တစ်မူထူးခြားပြီး ထုံးစံမဟုတ်တဲ့အမှုမျိုးကို ဆိုလိုတာ၊ မဟုတ်ရင် မင်းတို့အဖွဲ့ကို ဘာလို့လွှဲပေးနေဦးမှာလဲ? ဘာပဲဖြစ်ဖြစ် ဒီသရဲအပူးခံရပါတယ်ဆိုတဲ့ကိစ္စက သံသယရှိသူဘက်က ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့ နည်းလမ်းတစ်ခုသာသာပဲ....

ပထမဆုံးအကြိမ် အမှုကိုတွေ့လိုက်ရတုန်းက ဒီလိုလုပ်တာ အတော်ကောင်းတဲ့အကြံပဲလို့ တွေးမိခဲ့တယ်၊ အမှုက တော်တော်လေးကို ရိုးရှင်းတယ်၊ သံသယရှိတဲ့လူကိုလည်း အခင်းဖြစ်ပွားတဲ့နေရာမှာတင် ဖမ်းမိခဲ့တယ်၊ သူမရဲ့တုံ့ပြန်ပုံက တော်တော်လေးကို ထူးဆန်းနေတယ်ဆိုပေမယ့်လည်း ဓားနဲ့နှစ်ဆယ့်ခုနစ်ချက် ထိုးသတ်ခဲ့တယ်ဆိုတာကလည်း အမှန်ပဲလေ၊ တော်တော်လေး ရက်စက်ရာကျတယ်၊ မျက်မြင်သက်သေကလည်း ရှိပြီးသား၊ သူမအမှုကျူးလွန်နေတဲ့အချိန်မှာ အတော်လေးတည်ငြိမ်နေတယ်လို့ သူကထွက်ဆိုထားတယ်၊ ဒါကြောင့် အခြေခံအားဖြင့်ဆိုရင်တော့ ဒီအမှုက ပိတ်နေပြီ၊ မရှင်းပြနိုင်တဲ့ သံသယဝင်စရာလေးတွေ ရှိနေလို့သာ။ ဒါကြောင့်...."

ဟန်ဇီချန်းက သူပြီးအောင်မပြောရသေးခင်မှာပဲ စကားကို ဆုံးအောင်လုပြောလိုက်တယ်။
"ဒါကြောင့် ကျွန်တော်တို့အထူးစုံစမ်းရေးအဖွဲ့ကို ဒီအမှုနဲ့ဆော့လို့ရအောင် ပေးလိုက်တာ၊ ဟုတ်တယ်မဟုတ်လား?"

ကန်းပေါ်က သူ့ကိုနောက်တစ်ကြိမ် စိုက်ကြည့်လိုက်ပြန်တယ်။
"ဒါကြောင့် ဒီလိုထူးဆန်းအမှုမျိုးကို မင်းတို့ကိုပဲလက်လွှဲနိုင်မယ်၊ မင်းတို့အလုပ်ကြိုးစားပြီး အောင်မြင်အောင်ဖြေရှင်းကြ!"

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Where stories live. Discover now