Ch-6 Part 2 [END]

2.2K 260 13
                                    

Unicode

အဲဒီညမှာပဲ လီဇီလေးနဲ့ရှဖန်က လီဟိုက် လျောင်ရှောင်ချင်းတို့ညီအစ်မအိမ် သွားတယ်ဆိုတဲ့အကြောင်း ဟန်ဇီချန်းကို ဖုန်းဆက်ပြောလိုက်တယ်။ အိမ်ထဲမှာ ရန်ပွဲအကြီးကြီး ဖြစ်ခဲ့တဲ့ပုံပဲ။ လီဟိုက်က မှောင်မိုက်နေတဲ့မျက်နှာနဲ့ ပြန်ထွက်သွားခဲ့တယ်။ သူထွက်သွားပြီးတာနဲ့ လျောင်ရှောင်ချင်းရဲ့ ငိုယိုနေတဲ့အသံတွေနဲ့ လျောင်ရှောင်ယွိ သူ့ညီမကို အော်ဟစ်နေတဲ့အသံတွေက အိမ်အပြင်ဘက်ကနေတောင် ကြားနေရတယ်။ ဟန်ဇီချန်းကရှဖန်ကို လျောင်ရှောင်ချင်းကို ခေါ်ထုတ်ပြီး သူမကုသနေတဲ့ ကုသရေးစင်တာက ဒေါက်တာချန်ဆီပို့ပေးဖို့ ပြောလာတယ်။ လျောင်ရှောင်ယွိနဲ့ ခွဲထားချင်တာကြောင့်ပဲဖြစ်တယ်။

နှစ်ရက်ကြာပြီးတဲ့နောက်မှာ လျောင်ရှောင်ချင်းရဲ့လူနာဆောင်ကို မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက်က တိတ်တဆိတ် ဝင်လာခဲ့တယ်။ သူမကိုတွေ့တာနဲ့ လျောင်ရှောင်ချင်းက ပျော်ရွှင်စွာ အော်ပြောလာတယ်။
"အစ်မဖန်၊ အားဟိုက်က ကျွန်မဆီကို လာခိုင်းလိုက်တာလား? ကျွန်မကအရမ်းလိမ္မာပါတယ်၊ သူ့ကိုစိတ်မဆိုးဖို့ ပြောပေးပါဦး"

ရောက်လာတဲ့လူကတော့ ယန်ရှုဖန်ပဲဖြစ်တယ်၊ သူမကဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်ပြီး လျောင်ရှောင်ချင်းရှေ့မှာ ထိုင်လိုက်တယ်။
"ရှောင်ချင်းရယ်၊ မင်းကအားဟိုက်အကြောင်း သူများတွေကို လျှောက်ပြောလိုက်တာကိုး၊ အားဟိုက်က ဘယ်လိုလုပ် စိတ်မဆိုးဘဲနေမှာလဲ?"

လျောင်ရှောင်ချင်းက မျက်မှောင်ကျုံ့လိုက်ပြီး...
"ကျွန်မဘာမှ မပြောခဲ့ပါဘူး၊ ကတိပေးပါတယ်၊ ကျွန်မမပြောပါဘူး"

ယန်ရှုဖန်က ပြေရာပြေကြောင်း ပြုံးပြလိုက်တယ်။
"ဟုတ်ပါပြီ၊ ငါမင်းကိုယုံပါတယ်၊ မင်းကလိမ္မာတယ်၊ မင်းအားဟိုက်ကို လက်ထပ်ချင်နေတုန်းပဲလား?"

"လက်ထပ်ချင်တယ်"
လျောင်ရှောင်ချင်းက မျှော်လင့်ချက်အပြည့်နဲ့ ပြုံးလိုက်တယ်။

"ငါ့ကိုကြည့်၊ ငါပြောတာကိုနားထောင်"
ယန်ရှုဖန်ရဲ့အသံက သိပ်ကိုညင်သာနေတယ်။

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Where stories live. Discover now