[ Unicode ]
ဇွန်လ ၂၄ရက်နေ့ ၊ ၂၀၁၈
ဆောနူမွေးနေ့တိုင်း နေသာတဲ့ရက်ဆိုတာ တစ်ခါမှမရှိခဲ့တာကြောင့် ဒီနေ့ကလည်း ဆောနူအတွက် သာမာန်မွေးနေ့တစ်နေ့
လိုပဲဖြစ်သည်။ ဒါပေမယ့် ဆောနူအတွက် ကြည်နူးစရာ မွေးနေ့တစ်ခုဖြစ်သည်။မိုးတွေရွာထားသောကြောင့် ဆိုးလ်မြို့သည် စိုစွတ် ထိုင်းမှိုင်းလျက်ရှိသည်။လမ်းမပေါ်တွင် ကြွေနေသည့် ပန်းပွင့်များ ၊ သစ်ရွက်များသည် ဟိုတစ်စ သည်တစ်စ လွှင့်နေလျက်ရှိသည်။
မိုးတွေစိုနေသည့် ကတ္တရာလမ်းမကြီးသည် ဒီနေ့တော့ ဆောနူအတွက် ထူးခြားနေသယောင် ဖြစ်နေသည်။မိုးရေမြေပြင်ပေါ် ကျသည့်နဲ့အမျှ မြေသင်းရနံ့လေးများသည် သင်းပျံ့နေပြီး မိုးရေစက်တွေ မြေပြင်ပေါ်ကျသည့်အသံကလဲ ဆောနူအတွက် နားဝင်ချိုလှသည်။
မွေးနေ့မို့လို့ ဆောနူသည် သူအကြိုက်ဆုံး
အင်္ကျီကိုဝတ်ခဲ့ပြီး သေချာပြင်ဆင်ခဲ့သည်။
သာမာန်မွေးနေ့တွေနဲ့မတူပဲ ထူးခြားတဲ့ မွေးနေ့မို့လို့
ဆောနူ ရင်တွေခုန်နေမိပြီး ချိန်းထားသည့်နေရာကို အဝါရောင်ထီးလေးဆောင်းရင်း ရင်ခုန်စွာ လာနေသည်။ဆောနူမသိသေးတာက ဒီနေ့သည် သူ့အတွက် ရင်ခုန်စရာ ပျော်စရာ သူစောင့်မျှော်နေသလို မွေးနေ့မဟုတ်သည်ကိုပင်ဖြစ်သည်။
လောကကြီးသည် ဆောနူကိုရက်စက်နေသည် သို့သော် ကာယကံရှင်သည် လုံးဝမရိပ်မိသေးချေ။
သူချစ်ရသူနဲ့ တူတူဆင်နွှဲရမည့် သူ့မွေးနေ့ကိုသာ
မျှော်လင့်နေမိသည်။
_____ချိန်းထားသည့်အချိန်ထက် တစ်နာရီတောင်
နောက်ကျလာသော နီခီ့ကြောင့် ဆောနူ စိတ်အနှောင့်အယှက်ဖြစ်မိသွားသည်။ သို့သော် သူ့ချစ်သူက သူ့အတွက် Surpriseများပြင်ဆင်ထား မလားဆိုသည့် ရှက်စရာကောင်းသော မျှော်လင့်ချက်များနှင့် ဆောနူအပြစ်မတင်ခဲ့ချေ။"နီခီ နောက်ကျလိုက်တာ မိုးတွေလဲမိလာတဲ့ပုံပဲ"
မိုးရေစိုနေသည့် အရပ်ရှည်ရှည်ကောင်လေးကို အရပ်ပုပုကောင်လေးက ခြေဖျားထောက်ရင်း သူ့အင်္ကျီအပိုဖြင့် ခေါင်းသုတ်ပေးနေသည်။ အရပ်ရှည်ရှည်ကောင်လေးက စကားတစ်ခွန်းမှ
ပြန်မပြောသောလည်း အရပ်ပုပုကောင်လေးက ဖျားမှာစိုးရိမ်သဖြင့် ခေါင်းသုတ်ပေးနေသည်။
YOU ARE READING
SWEGARETTES
FanfictionLet's start our relationship again [ Nishimura Riki and Kim Sunoo ]