10

957 135 9
                                    

         [ Unicode ]

"ဟျောင်းန်ကလေ သန်မာတယ်"

"အိပ်ခံနီး ဘာတွေပြောနေတာလဲ"

"ဟျောင်းန်ကခန့်မှန်းလို့ မရတဲ့လူထဲပါတယ် ပြောရမယ်ဆို ခန့်မှန်းရခက်တယ်"

သူ့လက်မောင်းပေါ်လှဲနေတဲ့ ဟျောင်းန်က သူ့စကားတွေကို မျက်စိမှိတ်ပြီးနားထောင်နေသည်။
ဘေးချင်းကပ်ရပ် အိပ်နေပြီး သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် မကြည့်နေကြပေ။

"ဟျောင်းန်အကြောင်းကို အခုသိတာထက် ပိုပြီးသိချင်တယ်... အတွေးတွေလဲသိချင်တယ်"

"ဟျောင်းန်လိုအပ်တာ အကုန်လုပ်ပေးချင်တယ်"

"ငါကိုယ်တိုင်တောင် ငါ့ကိုယ်ငါ...နားမလည်ဘူး"

ဟျောင်းန်သည် သူ့ကို စကားပြန်ပြောရင်း သူ့ကို ကျောခိုင်းသွားသည်။ ကျောပြင် သေးသေးလေး.....။

"အိပ်တော့မှာလား"

"အင်း....အိပ်တော့မယ်"

"ကောင်းကောင်းအိပ်နော် ဟျောင်းန်"

ကျောပြင်လေးကို သူ့ရင်ခွင်ထဲ ဆွဲပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ ဒီညကတော့ သူ့အတွက် ပျော်စရာကောင်းသလို ရင်ခုန်စရာကောင်းတဲ့ ညတစ်ညလဲဖြစ်ပြန်သည်။

တစ်ခါတစ်လေလဲ အေးတိအေးစက်နဲ့ နေတတ်ပြီး တစ်ခါတစ်လေကျ သူများနဲ့မတူအောင် ပြုံးပျော်နေတတ်တဲ့ ဟျောင်းန်....။ ခန့်မှန်းရခက်လိုက်တာ.....ဘာတွေတွေးနေလဲ သိချင်ပြီး...ဘာမဆို အကုန်လိုက်
လုပ်ပေးချင်မိသည်။

ကြင်နာတတ်ပေမယ့် မပျော့ညံ့ဘူး ။
အားနည်းတယ်ထင်ရပေမယ့် ထင်ထားတာထပ် ပိုသန်မာတယ်....။

ဟျောင်းန်အကြောင်းတွေကို နေ့တိုင်း တဖွဖွပြောရမယ်ဆိုရင်တောင် ပျင်းစရာကောင်းမယ် မထင်။ ဟျောင်းန်သည် အမြဲတမ်းသန်မာနေသူ တစ်ဦးဖြစ်သည်.....။

သူနဲ့လမ်းခွဲပြီးတော့ ဒီလိုတောင်ဖြစ်လာတာ မဟုတ်ဘူးလား။

"ချစ်တယ်နော် ကောင်းကောင်းအိပ်"

ဟျောင်းန်မကြားမှန်းသိပေမယ့် သူတိုးတိုးလေးကပ်ပြောလိုက်သည်။ ရင်ခွင်ထဲက ဘေးစောင်းလေးအိပ်နေတဲ့ ကိုယ်လေးကိုလဲ ဒီထပ်ပိုပြီး ဖက်ထားလိုက်သည်။

 SWEGARETTESWhere stories live. Discover now