13

990 135 30
                                    

သီချင်းနားထောင်ရင္းဖတ်နော်

[ Unicode ]

နှစ်တွေကြာရင် မေ့နိုင်သွားမယ်။ အချိန်တွေက ကုစားပေးသွားမှာပါ....။ သူ့နှလုံးသားကို သူချိတ်ပိတ်ထားလိုက်ပြီး တစ်ယောက်သောသူ ပြန်လာမှ သူပြန်ဖွင့်ပေးတော့မည်။ ဒီနှစ်တွေထဲ တစ်ယောက်တည်း
ငိုခဲ့ရတာတွေလဲ များခဲ့ပြီ ဒါပေမယ့် ကင်ဆောနူက
ပျော့ညံ့တဲ့ထဲမှ မပါတာ။ ဘယ်အချိန်ဖြစ်ဖြစ် ပြန်ထနိုင်တယ်လေ သန်မာတယ်။

ဒါပေမယ့် နီခီနှင့်ပတ်သက်ရင်တော့ သန်မာချင်ယောင်ဆောင်ထားရသည်။

ညတိုင်းမငိုဖြစ်တော့ပေမယ့် စိတ်ထဲကတော့ အခုထိတမ်းတနေတုန်းပင်။ အမှတ်တရတွေက ခေါင်းထဲ ပြန်ပေါ်လာလေ့ရှိပြီး သတိမရချင်တော့ရင်တောင် မျက်လုံးထဲ ပြန်မြင်ယောင်လာသည်။

သူအဲ့လောက်အထိ နီခီ့ကိုချစ်ပါတယ်။ အသေးစိတ်ကအစ ချစ်ပါတယ်။ဒါပေမယ့် အခုတော့ နောင်တတွေလဲရနေပြီ ကောင်လေးရယ်....။

အခုဆို ဘယ်နနှစ်တောင်ရှိပြီလဲ။ ၁၈နှစ်ကတည်းက ဇာတ်သိမ်းသွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို သူမြတ်မြတ်နိုးနိုး သိမ်းထားပါသေးသည်။ နာကျင်စရာတွေ ဝမ်းနည်းစရာတွေပေမယ့် လှပခဲ့ကြတယ်လေ။

၁၉ ၊ ၂၀ ၊ ၂၁ ၊ ၂၂ ၊ ၂၃ ၊ ၂၄ ၊ ၂၅ နှစ်.....။

အားလုံးပေါင်း ၇နှစ်။ ၇နှစ်ရှိပြီ...တစ်ယောက်သော သူကဘာတွေလုပ်နေလဲဆိုတာလဲ သူမသိ။ သိလဲမသိချင်တော့။ အခုဆို ရည်းစားတွေဘာတွေ ရလောက်ပြီပေါ့။သူ့စကား သူတည်သော ကောင်လေးဖြစ်ခဲ့ပြီး သူ့ကို လာတောင်မတွေ့ခဲ့ပေ။

၇နှစ်လုံးလုံး အရူးတစ်ယောက်လို စောင့်နေခဲ့ပြီးပြီ အခုလဲ ဆက်စောင့်နေစဲပင်။ ဒါပေမယ့် အရင်ကလောက် မမျှော်လင့်ထားတော့ပေ။

သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ်....။ ဒီခံစားချက်ကို တစ်သက်လုံးသိမ်းထားပြီး နေလို့လဲ အဆင်ပြေပါတယ်။ ပြန်မတွေ့ရတော့လည်း အဆင်ပြေပါတယ် ဒါပေမယ့် ပြန်တွေ့ခဲ့ရင် ငါမင်းကို လွမ်းတယ်လို့ မျက်လုံးတွေကို
သေချာစိုက်ကြည့်ပြီး ပြောချင်တယ် နီခီ။

 SWEGARETTESWhere stories live. Discover now