09

982 159 11
                                    

[ Unicode ]

ဘာလိုလိုနဲ့ နောက်ဆုံးအတန်းတင် စာမေးပွဲအပြင် Promကပါ နီးကပ်လာသည်။ သူကPromကို ဂရုစိုက်တတ်တဲ့လူမဟုတ်ပေမယ့် ဒီနှစ်Promကိုတော့ သူအရမ်းအာရုံစိုက်မိနေသည်။

Promဆိုတာ အထက်တန်းကျောင်းသား ကျောင်းသူမှန်သမျှရဲ့ အိမ်မက်တစ်ခုဖြစ်သည်။ ကိုယ်တွဲကချင်တဲ့ လူနဲ့ တွဲကရပြီး အတွဲတွေဖြစ်လာရတဲ့ အခွင့်အရေး....။

ဒီPromကို သူနီခီနဲ့ အတူတူသွားချင်သည်။
ပြန်သဘောကျလို့မဟုတ်.....ဒီတိုင်း။

နီခီကတော့ သူ့ကိုသိသိသာသာရှောင်နေပြီး သူရယ် ဂျယ်ယွန်းရယ် တွဲနေပြီထင်ကုန်ပြီ။ ဘေးနားမှာ မရှိပေးတော့တာကြောင့် တစ်ခုခု လစ်ဟင်းနေသလို ခံစားရပြန်သည်။အနားမှာရှိနေတဲ့လူက ရုတ်တရက်မျက်စိရှေ့က ပျောက်သွားတဲ့ ခံစားချက်ကို မုန်းတယ်။

အဆင်ပြေရင် ငါမင်းနဲ့အတူတူ Promကို
သွားချင်တယ် နီခီ.....။

မိုးရွာတဲ့နေ့တွေဆို သူ့Cafeရှေ့မှာပဲဖြစ်ဖြစ် ကျောင်းက Lockerထဲမှာပဲဖြစ်ဖြစ် ခေါက်ထီးအဝါလေးကို အမြဲတမ်းတွေ့ရသည်။
Banana Milk အပြင် Mint Chocoတို့ကိုပါ တစ်ခါတစ်လေ တွေ့ရသေးသည်။

သူ့ကိုသာရှောင်နေတာ သူ့ကို ဂရုစိုက်သေးပါလား။ နီရှီမူရာ ရီကီ...ငါတော့ရူးတော့မယ် ထင်တယ်။

မင်းအရင်လို ငါ့အနားမှာရှိနေပေးတာပဲ သဘောကျတယ်.....။
______

"Yahh ဘာလုပ်နေတာလဲ"

"အာ ဟျောင်းန်.."

ကျောင်းခေါင်မိုးထပ်မှာ ကောင်းကင်ကြီးကို စိုက်ကြည့်နေပြီး သူနောက်ကခေါ်လိုက်တာကြောင့် ခန္ဓာကိုယ်သည် တုန်သွားသည့်သယောင်......။

"ဟျောင်းန်လာရင် ကျွန်တော်သွားတော့မယ်"

"ငါ့မှာရည်းစားမရှိဘူး....မင်းမှားနေပြီ အဲ့နေ့က အထင်လွဲတာ"

ရုတ်တရက်ကြီး လက်မောင်းကိုအားနဲ့ ဆွဲလိုက်ရင်း ပြောတာကြောင့် နီခီ့သည် သူ့နားရောက်လာသည်။
မျက်ဝန်းတို့ကလဲ အံ့ဩမှုအပြည့်။

 SWEGARETTESWhere stories live. Discover now