07

990 168 8
                                    

[ Unicode ]

ဆောနူဟျောင်းန်ကို အဲ့ဒီကောင်လေးတစ်ယောက် လာကြိုတာ.....။ သူမတွေးချင်ပေမယ့် ဆက်တိုက် အတွေးတွေထဲ နေရာယူထားသည်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကဘာတွေလဲ။

အကယ်၍ ဆောနူဟျောင်းန်သာ ပိုင်ရှင်ရှိနေမယ်ဆိုရင် သူလက်လျှော့လိုက်ဖို့လဲ သူဝန်လေးနေမိပြန်သည်။

ညနေ...၅နာရီတော့ လာလောက်မယ်ထင်တယ်။ ဆောနူဟျောင်းန်က အဲ့လောက်ထိ မမေ့လောက်ဘူးထင်ပါရဲ့။စာမေးပွဲပြီးပြီးချင်း ထိုကောင်လေးလာကြိုသွားတာ သူတွေ့သော်လည်း သူ့ကိုတော့ လာတွေ့မှာပါ။ ဟုတ်လောက်ပါတယ်။

စတူဒီယိုအမိုးအောက်သာ ဝင်ရင်
မိုးတွေသည်းနေတဲ့ကြားက ဟျောင်းန်သာ လာရင် သူ့ကိုမမြင်မှာဆိုးလို့ သူ့ကိုမတွေ့မှာဆိုးလို့ သူမိုးရေထဲ မတ်တပ်ရပ်ရင်း ချမ်းနေတာတွေကို အံ့တုရင်း စောင့်နေခဲ့မိသည်။ ဒါပေမယ့် ရောက်မလာပေ။

အရင်ကအချိန်တွေကိုသာ ပြန်သွားလို့ရမယ်ဆို သူ့စိတ်ကိုသူ....မလိမ်ပဲ သဘောကျပါတယ်လို့ ပြန်ဖြေပြီး ဂရုစိုက်ခဲ့မိမယ်ထင်တယ်။

ညဖက်....ကျတော့ ဟျောင်းန်က သူ့စီ ရောက်လာသော်လည်း အားနာလို့တဲ့။ဘာပဲဖြစ်ဖြစ် လာပေးလို့ ကျေးဇူးတင်ပါတယ်။ဒါပေမယ့် သူ့ဝမ်းနည်းနေတာတွေကိုတော့ ဘယ်လိုမှ ဖျောက်လို့မရချေ။

ဟိုကောင်လေးနဲ့.....အတူတူလျှောက်သွား နေလို့ သူ့ကိုမေ့သွားတာလား။ ပြန်သတိရတော့ အားနာလို့ ပြန်လာပေးပြန်တယ်။

သူက ဟျောင်းန်အတွက် ဝန်ထုပ်ဝန်ပိုးကြီး ပါလား။
ပိုင်ရှင်ရှိနေလည်း ရသလောက်တော့ သူကြိုးစားချင်သေးတယ်။
_______

မနေ့ကမိုးမိထားတာကြောင့် သူဒီနေ့မထနိုင်တဲ့အထိ ပင်ဖြစ်နေသည်။ ကိုယ်တွေပူနေပေမယ့် အိမ်မှာဆေးတွေလဲမရှိပေ။သွားဝယ်ဖို့လဲ အားမရှိပြန်။
ညကလဲ တစ်ညလုံး အိပ်မပျော်တာကြောင့် သူမျက်လုံးပင်မဖွင့်နိုင်။

ရုတ်တရက် ဖုန်းလာတာကြောင့် သက်ပြင်းချရင်း

"မေမေ"

"မေမေ့သားလေး အိုခါယာမာပြန်လာဖို့ကို တွေးပြီးပြီလားဟင်။"

 SWEGARETTESWhere stories live. Discover now