08

1K 154 12
                                    

[ Unicode ]

"ဆောနူဟျောင်းန်ကို သဘောကျတယ်။ အများကြီး သဘောကျတယ်။ ဟျောင်းန်က ကျွန်တော့်အတွက် အရေးအကြီးဆုံးပဲ။ ကမ္ဘာပေါ်က ဘယ်သူမဆိုထက် ဟျောင်းန်ကို ပိုသဘောကျတယ်။ ပြန်သဘောကျပေးလို့ မရဘူးလားဟင် ဟျောင်းန်။

အရင်ကဘာလို့ ဟျောင်းန်ကိုတန်ဖိုးမထားခဲ့လဲ
သိလား။ကျွန်တော့်ခံစားချက်ကို ကိုယ့်ဟာကိုယ် မရေရာလို့ပါ။ဒဏ်ရာတွေပေးခဲ့တာမို့လို့ အဲ့ဒီအပြစ်ဒဏ်ကို အကုန်ခံယူပါမယ်။
ဟျောင်းန်က ကျွန်တော့်က
ပြန်သဘောကျလာမယ်ဆို ဘာမဆိုလုပ်နိုင်ပါတယ်။

ဘယ်တော့မှ ပြန်မကတော့ဘူးနော်။ပြီးတော့ အရမ်းကြိုက်တဲ့ဆံပင်အဝါတွေကိုလဲ ဆိုးလိုက်ပြီ။
ဒီစာကိုဖတ်ရင်း အာ...စိတ်ပျက်စရာလို့
တွေးနေမှာသိပေမယ့် ကျွန်တော်ကတော့ သေချာစိတ်နှစ်ပြီးရေးထားတာနော်။

ကျွန်တော်က ဘယ်ဆောနူပဲဖြစ်ဖြစ် သဘောကျပါတယ်။ အရမ်း အရမ်း
အခုပုံစံကိုလဲ သဘောကျပါတယ်။
ဟျောင်းန်ဖြစ်နေလို့ ဘာမဆို
သဘောကျပါတယ် ♡"

အရူးကောင်ရယ် မင်းကို ငါအားနာမိရပြန်ပြီ။
တကယ်ပါပဲ......။ ငါ့ကိုဘာလို့ အဲ့လောက် သဘောကျနေရတာလဲ။

လက်ရေးကလဲ မလှလိုက်တာ....။

လက်ဆောင်ဗူးထဲက Airpodဗူးလေးနှင့် စာအိတ်အဝါရောင်လေးသည် သူမခံစားရတာ ကြာတဲ့ စိတ်လှုပ်ရှားခြင်းတို့ကို ဖြစ်စေခဲ့သည်။

"နားကျပ်အစုတ်ကြီးကိုလဲ မတပ်နဲ့တော့ နားတွေပျက်စီးမယ်"ဆိုပြီး ရေးထားသေးတာကြောင့် သူတောင်မသိလိုက်ခင် ပြုံးမိသွားသည်။

ဒီလိုနဲ့ မပျက်စဖူး ကျောင်းလဲပျက်တာကြောင့် သူ့စိတ်တွေ လေးလံနေသည်။ မနေ့ညက မိုးမိလို့...
နေမကောင်းတွေများဖြစ်နေတာလား။
အဲ့ဒါဆို ဒီဟာ သူ့ကြောင့်လေ~ သူအားနာမိရပြန်သည်။

အိမ်လိပ်စာအပြင် အိမ်ရဲ့ လျို့ဝှက်ကုဒ် နံပါတ်တွေကိုပါ သိနေတာကြောင့် သူအလွယ်တကူ သူများအိမ်ထဲဝင်လာနိုင်ခဲ့သည်။ ရုတ်တရက် အိပ်ယာပေါ်လဲနေပြီး ပူခြစ်တောက်နေတဲ့ အသားတွေကြောင့် သူသက်ပြင်းချမိသည်။

 SWEGARETTESWhere stories live. Discover now