[ Unicode ]
ကျောင်းခေါင်မိုးထပ်တွင် ဝရံတာဖက်ကို မျက်နှာမူထားပြီး ဖုန်းပြောနေသောကြောင့် သူ
ခိုးနားထောင်တာမဟုတ်ပေမယ့် နားထောင်မိလျက်သားဖြစ်သွားသည်။"မေမေနေကောင်းရဲ့လား အသံကတစ်မျိုးကြီးပဲ"
"သား နောက်ထပ်ဘယ်တော့မှ မကတော့ပါဘူးဆို"
"အိုခါယာမာကိုလဲ ပြန်လာဖို့စိတ်ကူးမရှိသေးဘူး မေမေ!!!!!"
အသံကျယ်လိုက်ပြီး ဖုန်းထဲကနေ အမေကိုပြန်အော်နေတာကြောင့် ဘာကိစ္စလဲ
သိချင်မိသည်။ သူ့မိသားစုက နီခီကို အိုခါယာမာကို ပြန်ခေါ်တော့မှာ များလား။"တကယ်ပါပဲ ပြန်မလာပါဘူးဆို"
"ဲပြန်လာဖို့ကို နောက်မှပဲ ဆက်ပြီးစဉ်းစားတော့မယ်"
ဖုန်းချပြီးတာနဲ့ ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်ပြီး တိမ်တွေကို ကြည့်နေသော နီခီ။
ခေါင်းကို လက်နဲ့ထိုးဖွလိုက်ပြီး ကျောပြင်ကို ကြည့်ရုံနဲ့ စိတ်ရှုပ်နေမှန်းတွေ့ရသည်။သူလဲ ဘာအခက်အခဲတွေရှိမလဲ မသိဘူးလေ။ ဒါလဲသူ့ကိစ္စမှ မဟုတ်တာ၊ဟုတ်တယ်မလား။ သူကဘာလို့ စိတ်ဝင်စားနေမိတာပါလိမ့်။
ရုတ်တရက် သူ့ခြေသံကြားသည် ထင်ပါရဲ့ သူ့က်ိုမျက်နှာမူလိုက်ပြီး ပြုံးပြရင်း
"ဆောနူဟျောင်းန်"
"ဒီနေ့တိမ်တွေလှတယ်နော်"
ဟုတ်ပါရဲ့။ တိမ်တွေကလှလိုက်တာ။ ကောင်းကင်ကြီးတစ်ခုလုံး ပန်းရောင်သမ်းနေပြီး တိမ်တချို့က အပြာနဲ့ခရမ်းရောင်အရင့် ဆက်ကြားဖြစ်နေပြီး တစ်ရွေ့ရွေ့သွားနေကြသည်။
မကြာခင် လမင်းကြီးလဲ ကောင်းကင်ပေါ် ရောက်လာတော့မည့် အချိန်ပင်ဖြစ်သည်။"ဒီမှာဆက်နေဦးမှာလား လေအေးတယ် ဝတ်ထား"
ကုတ်အင်္ကျီကို သူပုခုံးပေါ် တင်ပေးသွားပြီး သူ့ခေါင်းကို ပုတ်သွားသည်။ နီရှီမူရာ ရီကီက စကားလုံးတွေနဲ့မဖော်ပြတတ်ပဲ ဂရုစိုက်မှုတွေနဲ့ ဖော်ပြတတ်တာ သူပြန်မြင်ယောင်လာရပြန်သည်။"ကျေးဇူးပဲ"
_____
ကျောင်းစာမေးပွဲကာလဖြစ်တာကြောင့် ညဖက်အထိ စာလုပ်ရန် ကျောင်းက သတ်မှတ်ထားသည်။ ည၉နာရီကျော်မှ ကျောင်းကနေပြန်ရမည်ဖစ်တာကြောင့် သူအတန်းထဲ ပျင်းပျင်းရိရိ
ထိုင်နေမိသည်။ တကယ်ဆို သူစာကို တစ်စက်မှ စိတ်မဝင်စားခဲ့တာ ကြာပြီ။ အရင်က စာတွေကြိုးစားပြီး ဆရာမတွေရဲ့ အချစ်ခံလေး ဆောနူဆိုတာ အခုတော့ အပြီး
ပျောက်ကွယ်သွားလေသည်။
YOU ARE READING
SWEGARETTES
FanfictionLet's start our relationship again [ Nishimura Riki and Kim Sunoo ]