[ Unicode ]
နီခီကသူနဲ့ မျက်လုံးချင်းမဆုံတာ နှစ်ရက်
ရှိနေပြီဖြစ်သည်။ ထိုနေ့ညအကြောင်းကို သူကမမေ့နိုင်ပေမယ့် နီခီကတော့ မေ့လိုက်ပြီ
ထင်ပါရဲ့။ တကယ်က သူထိုနေ့ညက ခံနိုင်ရည် မရှိတော့လောက်တဲ့အထိ မူးနေတာမျိုး မဟုတ်ခဲ့ချေ။ သူ့ခံစားချက်အရ သူမသိလိုက်ခင်မှာ အနမ်းကို သူ့ဖက်က စတင်ပေးမိခဲ့တာဖြစ်သည်။စိတ်ရှုပ်စွာဖြင့် ဆံနွယ်တွေကို သပ်တင်လိုက်ပြီး
အလုပ်လုပ်ရန် ပြင်ဆင်လိုက်သည်။ဒီနေ့က သူ့အတွက် အလုပ်များမယ့်နေ့ဖြစ်ပြီး ပင်ပန်းမယ့်နေ့ဖြစ်တာသိသော်လည်း သူကိုယ်တိုင် သုံးဖြုန်းချင်စိတ်လဲရှိတာကြောင့် အလုပ်ကိုလဲ မငြီးမငြူလုပ်ရပြန်သည်။"ကြိုဆိုပါတယ် ဘာမှာမလဲဗျ"
"စတော်ဘယ်ရီ ကိတ်ရယ် Latteတစ်ခွက်ရယ်"
သူမော့မကြည့်တာတောင် ဘယ်သူလဲသိတာကြောင့် ကွန်ပျူတာကိုသာ စိုက်ကြည့်နေပြီး Orderတွေကို နှိပ်နေသည်။အရူးကောင်....နှစ်ရက်လုံးလုံး သူ့ကို မသိမသာရှောင်နေပြီး ရှက်နေတာသူသိသည်။
"ဟုတ်ကဲ့ဗျ ဘာထပ်မှာဦးမလဲ"
"ဆောနူဟျောင်းန်ရဲ့ အချစ်တွေပါမှာချင်ပါတယ်"
"ရူးနေလား"
သူ့နားရွက်တွေ နီရဲသွားတာ အရူးကောင် သတိမထားမိလိုက်ရင် ကောင်းမည်။
ဒါနဲ့အရူးကောင်က Stalkerများလား။ သူသွားသမျှ နေရာသိနေရအောင်။
_____
Cafeမှာ မနက်ကနေ ညအထိ အလုပ်ဆင်းရတာဖြစ်ပြီး သူ့အတွက် ထိုင်နေချိန်ဆိုလို့ နာရီဝက်သာရှိခဲ့သည်။ အရူးကောင်ကို စိတ်လှုပ်ရှားရတာနဲ့ အလုပ်များရတာနဲ့ သူပင်ပန်းလှပြီ။ဆိုင်ပိတ်ရင်း သက်ပြင်းချမိပြီး သူအရင်ကတည်းက လွယ်တဲ့ကျောပိုးအိတ်ကို တစ်ခြမ်းစောင်းလွယ်ပြီး ညဖက် လူမရှိတဲ့ လမ်းမပေါ် လမ်းလျှောက်နေမိသည်။
တစ်နေကုန် ပင်ပန်းထားရတဲ့အပြင် အိမ်ကို လမ်းလျှောက်ပါပြန်နေရတာကြောင့် ပိုပင်ပန်းသည်။ဒီအချိန်မှာသာ တစ်စုံတစ်ယောက်
လာကြိုရင်ကောင်းမယ်။ကတ္တရာလမ်းမပေါ် ခေါင်းငုံ့ရင်း အရှေ့မကြည့်ပဲသွားလာနေမိသည်။ ဘာပဲဖြစ်ဖြစ် လူမှ မရှိပဲ။ သူ့နားကျပ်အဖြူလေးသည် ဝါကျင့်ကျင့် အရောင်သန်းနေပြီး သူကတော့ အိမ်ပြန်လမ်းတိုင်း ထိုနားကျပ်လေးကိုသာ အားကိုးပြီး အထီးကျန်မှုတွေကို ဖြေဖျောက်သည်။
YOU ARE READING
SWEGARETTES
FanfictionLet's start our relationship again [ Nishimura Riki and Kim Sunoo ]