03

1.5K 208 2
                                    

                         [ Unicode ]
သူပြောခဲ့တဲ့အတိုင်း နောက်နေ့ကျ ဆံပင်အဝါတွေကို  အမဲဆိုးထားသည့် နီခီ့ကြောင့် သူအောင်နိုင်သူ အပြုံးပြုံးမိသည်။ ဒီကောင်လေးက တကယ်ပဲ သူ့ကို သဘောကျနေတယ်ဆိုတာ သူခံစားမိပြီး ဒီဟာကိုပဲ သူကျေနပ်နေမိသည်။

"ဟျောင်းန်....ကျွန်တော်တို့ဒီနေ့ Dateလုပ်ရအောင်"
သူ့ပုခုံးကို လာဖက်သော နီခီ့ကြောင့် သူနီခီ့ရင်ခွင်ထဲ သတိမထားမိလိုက်ခင်မှာ ဝင်ရောက်သွားရသည်။
ကျောင်းကလူတွေက သူတို့နှစ်ယောက်ကို ကြည့်ပြီး ခပ်တိုးတိုးပြောနေကြတာကိုလဲ သူတွေ့မိသည်။

ဆိုးတဲ့ကင်ဆောနူတို့က ကျောင်းသားသစ်နဲ့မှ ဘာဖြစ်တာလဲ ဆိုတဲ့ ပုံစံနဲ့ကြည့်နေတဲ့လူတွေကြောင့် သူကျေနပ်မိသည်။ တကယ်က သူကအဲ့ဒီကျောင်းသားသစ်ကို အနိုင်ယူနေတာဖြစ်သည်။

"မအားဘူး"

"ဘာလို့လဲ"

"ဘေဘီ့အတွက်ဆိုမအားဘူး တခြားသူတွေအတွက်ဆိုအားတယ်"
ပုခုံးပေါ်က လက်တွေကို ညင်သာမှုမရှိပဲ ဖြုတ်ချလိုက်ပြီး နီခီ့မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်လိုက်သည်။

သို့သော် နာကျင်သွားသည့် အရိပ်မယောင်တစ်ချက်မှမတွေ့ရပဲ ဆက်ပြုံးနေသည်ကိုသာတွေ့ရသည်။ ဒီကောင်လေး ရူးသွားတာလား တကယ်ဆို ဝမ်းနည်းသွားရမှာ မဟုတ်လား။

"လုပ်ပါ...ဟျောင်းန်ကလဲ"
သူ့လက်ကိုဆွဲရင်း ရီပြီးပြောနေသည့် နီခီ့ကြောင့် သူအံ့ဩမိသည်။ အံ့ဩတာထက်....ရင်တွေလဲ အဆက်မပြတ်ခုန်လာရသည်။
နီခီ့ကို ဒီလိုချွဲတတ်တဲ့ကောင်လေး ပုံစံနှင့်တစ်ခါမှမမြင်ခဲ့ဖူးချေ။ ဒီကောင်လေးသည် အရင်က အမြဲတည်တည်ငြိမ်ငြိမ်နေတက်သည့် ကောင်လေးဖြစ်ခဲ့သည်။

"မသိဘူး လစ်တော့"

_____

"နီရှီမူရာ ရီကီကိုသဘောကျတယ်"

"သဘောကျတာမို့လို့ ငါ့ကိုလဲ
ပြန်သဘောကျပေးနော်"

"ပြန်သဘောမကျပေးမချင်း လိုက်နေမှာ မင်းနောက်ကို"

"ကျေးဇူးပြုပြီး ငါ့အချစ်တွေကို မလျစ်လျူပါနဲ့လား"

"မင်းဘာပဲလုပ်နေလုပ်နေ သဘောကျတယ်"

 SWEGARETTESWhere stories live. Discover now