02

1.7K 223 4
                                    

                        [ Unicode ]

သူကြောင့် ဟျောင်းန်နာကျင်ခဲ့ရသည်ဟု တွေးရင်း ညတိုင်း အိပ်မပျော်ခဲ့တာ အခုဆို တစ်နှစ်နီးပါးရှိတော့မည်ဖြစ်သည်။
တစ်နှစ်အတွင်း စိတ်သစ် ကိုယ်သစ်ဖြင့် နေမယ်ဟု တွေးသော်လည်း တကယ်တမ်းကျ သူကိုယ်တိုင် အတိတ်ကနေ ရုန်းမထွက်လာနိုင်သေးချေ။

အိုခါယာမာမှာ တစ်နှစ်လုံးလုံးနေခဲ့ပြီး သူ့အလုပ်အပေါ် အာရုံစိုက်ခဲ့သော်လည်း သူ့ပိုင်ရှင် အကြောင်းကိုသာတွေးနေမိခဲ့သည်။

တစ်နှစ်ပြည့်ရင် ပြန်လာမည်ဆိုပြီး ကတိတည်ရင်း သူတစ်နှစ်လုံးလုံး မနားမနေကြိုးစားခဲ့ပြီး ဟျောင်းန်နဲ့တွေ့ဖို့ ရက်တွေကိုသာ ရေတွက်နေမိသည်။ ဒါတွေကို ဟျောင်းန်းက သိမယ်မထင်ပေ။

ဟျောင်းန်က သူ့ကြောင့် တော်တော်ပြောင်းလဲသွားပြီဟု ပြောသော ဂျောင်ဝန်းစကားကို သူမယုံခဲ့ချေ။ သို့သော် သူအခုမျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတာမို့ အံ့ဩစရာကောင်းလောက်အောင် ပြောင်းလဲသွားသော ချစ်ရသူကို တွေ့လိုက်ရတာမို့
သူ့ကိုယ်သူအပြစ်တင်မိသည်။

ဆံနွယ်တစ်ခုလုံး ငွေရောင်ဖြစ်နေပြီး မြေခွေးနှင့်တူသည့် မျက်ဝန်းတစ်စုံမှာလဲ မြေခွေးနှင့်ပိုပြီးတူလာသည်ကို သူသတိထားမိသည်။
ကျောင်းအင်္ကျီကို သပ်သပ်ရပ်ရပ်ဝတ်ဆင် တတ်သည့် ဟျောင်းန်သည် သူပြန်တွေ့တဲ့အခါ ကပိုကရို ဝတ်ဆင်ထားပြီး ကျောင်းရှပ်
အင်္ကျီအဖြူကိုလဲ ကြယ်သီးများ
ဖြုတ်ထားသေးသည်။

တကယ်ပဲ။ပြောင်းလဲသွားလိုက်တာ....
ဟျောင်းန်ရယ်။

"ကျောင်းသားသစ်ကရန်ပွဲမှာပါစရာလား"
ကျောင်းတက်ချိန်နှင့်တိုက်သွားပြီး အတန်းပိုင်ဆရာမ ဆူတာခံလိုက်ရတာကြောင့် သူစိတ်ပျက်မိသည်။ တကယ်တမ်းက ဆရာမကိုစိတ်ပျက်တာမဟုတ်ချေ။ ပြောင်းလဲအောင် လုပ်ခဲ့တဲ့ သူ့ကိုယ်သူ စိတ်ပျက်တာ ဖြစ်သည်။

"တောင်းပန်ပါတယ်"

"ထားပါတော့ မိတ်ဆက်"

"အိုခါယာမာက နီခီပါ ရှေ့လျှောက်ကူညီပေးကြပါဦး"

အတန်းရှေ့တွင် မိတ်ဆက်ရင်း မျက်ဝန်းတစ်စုံနှင့်မဆုံ ဆုံအောင် သူကြည့်လိုက်သည်။ အရင်ကဆို သူ့မျက်ဝန်းတွေကို ရှက်လို့ ရှောင်သည့် ဟျောင်းန်သည် အခုသူ့ကို စိုက်ကြည့်နေပြီး မျက်ဝန်းတို့သည် ပြောင်းလဲနေသည်ကို သူခံစားမိသည်။

 SWEGARETTESWhere stories live. Discover now