12

911 149 17
                                    

[ Unicode ]

တိမ်တွေက မီးခိုးရောင်......ဖြစ်နေပြီး
အပြာရောင်တိမ်တွေကိုဖုံးထားသည်။

မိုးရေစက်တို့ကမျက်နှာကိုလာပက်ပြီး ခံစားချက်ကင်းမဲ့နေတဲ့လူတစ်ယောက်လို
နေနေသည်။ငိုဖို့မျက်ရည်တွေလဲမရှိတော့ ဝမ်းနည်းစရာကောင်းလွန်းလို့
ပြောစရာစကားတွေလဲ မရှိတော့။

သူတစ်ညလုံး အရူးတစ်ယောက်လို ငိုပြီးပြီ....။

မြေပြင်ပေါ် ကျလာတဲ့ မိုးရေစက်တို့သည် အရှိန်ပြင်းစွာရွာသွန်းနေကြသည်။ကောင်းကင်ကြီးကလဲ ဝမ်းနည်းသည်ထင်ပါတယ်....။
လူကောင်းတွေကို ခေါ်သွားရလို့ အပြစ်ရှိလို့ ငိုသည်ထင်ပါရဲ့။

မျက်အိမ်တွင် မျက်ရည်များ ပြည့်နေသော်လည်း တကယ်တမ်းကျ တစ်စက်မှမထွက်လာပဲ ခံစားချက်မဲ့နေသည့် လူတစ်ယောက်လို ထိုင်းမှိုင်းနေသည်။

ပြတင်းပေါက်မှန်ထဲကနေ သူ့မျက်နှာအထိ မိုးရေစက်တို့  လာစင်နေသော်လည်း သူတစ်နေရာရာကိုစိုက်သာကြည့်နေမိသည်။

မိုးရေတွေက...ဒီနေ့မှ ဘာလို့
အရမ်းဝမ်းနည်းစရာကောင်းနေရတာပါလိမ့်။
အသည်းထဲထိစိမ့်နေအောင် အေးသော လေအေးများ ဒဏ်ကိုလဲ မမှုတော့ပေ။

သူအခု....ဘာဆက်လုပ်ရမှာလဲ။

ဘာမှမလုပ်နိုင်တဲ့ အသုံးမကျတဲ့ ကောင်။
ကိုယ့်အမေ ဘာခံစားနေရလဲဆိုတာ မရိပ်မိခဲ့တဲ့ကောင်။

"နီရှီမူရာ ရီကီ!!!!! မေမေကနင့်ကို ပြန်ခေါ်ဖို့ အမြဲတမ်းဖုန်းဆက်တာ နင်မသိဘူးလား
မေမေကသူ့ရောဂါ သူသိလို့ မသွားခင်.....
နင်ကတာမြင်ချင်နေတာ နင်ကပြန်မလာတဲ့အပြင် မေမေနောက်ဆုံးမသွားခင်က ဆက်တဲ့ဖုန်းကိုတောင် မကိုင်ခဲ့ဘူး...."

Promမှာကနေတုန်းက ဆက်တဲ့ဖုန်းဖြစ်ပြီး သူအဲ့တုန်းက မသိခဲ့.....။ မမပြောတဲ့စကားတွေကို တစ်ညလုံး နားထဲကြားယောင်နေပြီး သူ့ကိုယ်သူ အပြစ်တင်နေမိသည်။

အဲ့ဒါကြောင့် မေမေက သူ့ကို ပြန် ကပါ ပြန်လာပါ ပြောနေတာ သူကတော့ သားမိုက်ဖြစ်ပြီး တစ်ချက်မှ နားမထောင်ခဲ့ပေ။မေမေကလဲ ဟန်ဆောင်ကောင်းလွန်းသည်.....သူ့ကိုဒီကိစ္စနဲ့ ပတ်သက်ပြီးဘာမှမပြော.....။

 SWEGARETTESWhere stories live. Discover now