11

946 133 10
                                    

[ Unicode]

ကလေးတွေ ဒီနေ့ညနေ ၆နာရီနော် Suitတွေဝတ်ခဲ့ကြပါနော် မိန်းကလေးတွေကလဲ ဂါဝန်တွေ ဘာတွေပေါ့"

"ဒီPromပြီးရင် ထာဝရခြဲရတော့မယ် ထာဝရမဟုတ်ပေမယ့် အထက်တန်းပြီးပြီဆိုတော့
ကိုယ့်ဘဝနဲ့ကိုယ် ဖြစ်ကြတော့မယ်"

"ဆရာကလဲ ဝမ်းနည်းစရာတွေ"

"ဆရာနဲ့ မခွဲချင်သေးဘူး"

အတန်းထဲက ကောင်မလေးများသည် တငိုငို တရီရီနဲ့  ဓာတ်ပုံတွေရိုက်နေကြသည်။ နားကိုညီးနေတာပဲ....။
ဒီနေ့အထက်တန်းပြီးသွားတာ သူကတော့ ဝမ်းမနည်းပါဘူး။ကျောင်းပြီးပြီလေ....။

လွတ်လွတ်လပ်လပ်ပေါ့....။ကင်ဆောနူတို့ အားလပ်ချိန်တွေအပြင် ပိုက်ဆံရှာရမယ့်
အချိန်တွေပါ ပိုရလာပြီလေ။

"ဟျောင်းန် အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်ရအောင်"

သု့ဘေးနား ဘယ်တုန်းကတည်းကမှန်းမသိ ရောက်လာတဲ့ နီခီ။ ပျော်ရွှင်နေသည့်ပုံစံနဲ့ သူ့ပုခုံးကိုလဲ ဖက်ထားသေးသည်။

"မရိုက်ပါဘူး"

"ကင်ဆောနူနဲ့ နီခီ နင်တို့နှစ်ယောက်ကရော ဘယ်တော့မှ ဝန်ခံမှာလဲ"

အတန်းထဲက ကောင်မလေးတစ်ယောက်သည်
ရုတ်တရက် သူတို့ကို ကြည့်ရင်းပြောလိုက်သည်။
နားရွက်တွေသည် နီရဲနေပြီး သူမသိချင်
ယောင်ဆောင်နေမိသည်။

အတန်းထဲက တခြားသူတွေကလဲ သူတို့ကို စနေကြသည်။ ဘေးနားက နီခီ့ကို ကြည့်လိုက်တော့ သူက ပြုံးပျော်နေသည်။ ရှက်သည့်ပုံလဲ မပေါ်။

"ငါသူနဲ့တွဲနေတာမှမဟုတ်တာ"

"မပူပါနဲ့ ဒီညပြီးရင် ငါတို့တွဲကြတော့မှာ"

"ဘယ်သူပြောလဲ"

"ဟျောင်းန်လဲ ကျွန်တော့်ကို ကြိုက်တယ်မလား"

"သေလေ"

နီရှီမူရာ ရီကီ.....ကိုဒီလို ပုံစံနဲ့ပဲ ဆက်တိုက် ဆွဲထားချင်သည်။ သူငယ်ချင်းတွေက လမ်းမခွဲရဘူးလေ.... ။
အခုက သူတို့ကသူငယ်ချင်းတွေလား။ အဲ့ဒါလဲ မဟုတ်ပြန်ဘူး။

 SWEGARETTESWhere stories live. Discover now