04

1.3K 191 18
                                    

                      [ Unicode ]

" အိမ်ပြန်လိုက်ပို့ပေးမယ် ဟျောင်းန်"

"မလိုဘူး ဘေဘီ"
သူ့ကျောပိုးအိတ်အမဲကို တစ်ခြမ်းစောင်း လွယ်လိုက်ပြီး ကျောင်းကုတ်အင်္ကျီကို ဘောင်းဘီခါးကြားထဲ ချိတ်လိုက်ပြီး ဆိုင်ပိတ်နေသည်။

"လာပါ စိတ်မချလို့"

"ကိုယ် မင်းထက် တစ်နှစ်ကြီးတယ်နော် ဘေဘီ"

"အင်း ဒါပေမယ့် စိတ်မချဘူး ဟျေင်းန်က သူများတွေအမြင်မှာ ဘယ်လောက်တောင်လှနေလိုက်မလဲ အဲ့ဒါကြောင့် စိတ်မချဘူး"

"ဟက်"
နီခီ့စကားကြောင့် သူ့မျက်နှာသည် ပန်းရောင်သန်းသွားရသည် သို့သော် သူရင်တွေမခုန်နေချေ။ တကယ်က သူလှတာသူသိသောကြောင့်ဖြစ်သည်။

"အရင်အိမ်ပဲလား"

"အင်းဟုတ်တယ်"

"ဟျောင်းန်မှတ်မိသေးလား ဒီလိုညဖက်ဆို လမ်းလျှောက်ခဲ့ကြတယ်လေ"
သူ့ဘေးနားကနေ လမ်းလျှောက်ရင်း သူ့ကိုစိုက်ကြည့်နေသည်ကို သူခံစားနေမိသည်။ သို့သော် သူကတော့ အကြည့်တချက်မှ မပေးချေ။

"အင်းသေချာပေါက် မှတ်မိတယ် ဘေဘီ ကိုယ့်ကိုလက်မတွဲချင်ခဲ့တဲ့ အချိန်တွေကို"

သူ့စကားကြောင့် အရှိုက်ထိသွားတဲ့ ဘေးကကောင်လေးကြောင့် သူပြုံးမိသည်။
အဲ့အချိန်တွေတုန်းက သူကတော့ ထိုကောင်လေးမျက်နှာတစ်ချက်မှ အပျက်မခံနိုင်တာကြောင့် သူဆန္ဒကို လိုက်လျောခဲ့သည်။

လက်မတွဲချင်ရင်လည်း ရတယ်....။ ငါကမင်းကို သဘောကျတယ်။ မင်းမျက်နှာမပျက်စေရဘူး ငါအပျက်မခံနိုင်ဘူး။

"...ဟျောင်းန်"

သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ဘေးနားပိုပိုကပ်လာသော နီခီ့ကြောင့် သူနီခီ့ကိုကြည့်လိုက်သောလည်း နီခီကတော့ ဂရုစိုက်သည့်ပုံမပေါ်ပေ။

"အခုတော့ လက်ကိုင်ရတာသဘောကျတယ် ဒီလိုမျိုး တင်းတင်းကျပ်ကျပ်"
သူ့လက်ကိုပိုပိုတင်းတင်းကျပ်ကျပ် ညှစ်လိုက်သည့် နီခီ့ကြောင့် ပူနွေးနေသည့်လက်ကို ခံစားမိသည်။
ချွေးတွေထွက်နေပြီး အေးစက်စက်
ဖြစ်နေသည်ကိုလည်း ခံစားမိသေးသည်။

 SWEGARETTESWhere stories live. Discover now