အပိုင်း - ( ၁၈ )

1.6K 245 5
                                    

[ သူကမင်းရဲ့ဆရာပဲ ]

ဝူးရင်တောင်ရှိ တိတ်ဆိတ်ခန်းမထဲတွင် ဖန်းကျီယန် ဝိညာဉ်စွမ်းအင်များအားသုံးစွဲလျက် ကံကြမ္မာဟောစာတမ်းအား ဖွင့်ဖတ်ရန်ကြိုးပမ်းလျက်ရှိသည်။

" ဘာတွေဆက်ဖြစ်မလဲဆိုတာသိရမှဖြစ်မယ် "

ရှေ့ဖြစ်ဟောလူတစ်ယောက်ဖြစ်သော်လည်း ကံကြမ္မာဟောစာတမ်းအား ဖတ်ခွင့်မရှိပေ။ စည်းကမ်းဖောက်ဖျက်ပြီးဖတ်ခဲ့လျှင် ထိုလူရဲ့စွမ်းရည်များပျောက်ကွယ်သွားတတ်သည်။

" ကျီယန် "

တံတိုင်းမွှေးပန်းရနံ့က ကျီယန်ရဲ့ကိုယ်အားဖုံးလွှမ်းသွားပြီး ဝိညာဥ်စွမ်းအင်များပို့လွှတ်နေသော လက်တစ်ဖက်ကိုလည်း ထိုလူကညင်သာစွာဖြင့် ရုတ်သိမ်းစေလိုက်သည်။

" အိုက်ရှင်း ငါကံကြမ္မာဟောစာတမ်းကိုဖတ်မှရမယ် "

ရွှေရောင်မျက်ဆံအိမ်မှာ အခုထိမပြောင်းလဲသည်ကိုတွေ့သော် အိုက်ရှင်းဆိုသူရဲ့မျက်ဝန်းများတွင် အလိုမကျမှုအထင်းသား။

" ကျီယန် မင်းမလုပ်သင့်ဘူး။ မျက်လုံးမှိတ်ပြီးခဏအနားယူလိုက်။ "

နှစ်သက်ဖွယ်ကောင်းအောင် ငြိမ့်ညောင်းလှတဲ့လေသံဖြင့် ကျီယန်အားစကားဆို၏။

"ငါ "

"အင်း ကျီယန် "

မှိတ်ကျသွားတဲ့မျက်ဝန်းအိမ်တွေနဲ့အတူ ကျီယန်ရဲ့ကိုယ်ကအိုက်ရှင်းထံသို့ပြိုလဲလာသည်။
တင်းကြပ်စွာပိတ်ထားတဲ့ဟောစာတမ်းက ပွင့်ဟလာသည်ကိုမြင်သည့်အခါ အိုက်ရှင်းမဖတ်ဘဲပြန်ပိတ်လိုက်သည်။

" ဘယ်လိုကံကြမ္မာမျိုးကိုမှရှောင်လွှဲဖို့ကြိုးစားလို့မရဘူး။ တားဆီးဖို့ကြိုးစားလေ သေကြေပျက်စီးမှုများလေပဲ။"

ဖန်းကျီယန်ရဲ့အိပ်မောကျနေတဲ့မျက်နှာအား ကြည့်တော့မျက်လုံးထောင့်ရှိမှဲ့နီလေးမှာ ပျောက်ကွယ်လုမတတ်ဖြစ်နေသည်။

ရွှေအိုရောင်နှစ်တစ်ရာပင်ရဲ့အရွက်လေးနှယ် ၊ လီလီပန်းအဝါရောင်လေးနှယ် ပဲ့ကြွေမယောင်ဖြစ်နေသော ကျီယန်အား လက်တစ်ဖက်ဖြင့်ညင်သာစွာချီမလို့ ခန်းမအပြင်ဘက်ထွက်လာခဲ့သည်။

Please Shizun , Don't Eat Mud ! Where stories live. Discover now