[ ဒီရှစ်ဇွင်းက စာရေးနည်းသင်ပေးမယ်။ ]
စံအိမ်ထဲဝင်သွားပြီးကတည်းက ထွက်မလာတော့သော ရှစ်ဇွင်း။ ရိပေါ်မှာတော့ နေ့လည်စာစားပြီးလုပ်စရာမရှိတာကြောင့် ဝယ်လာသည့်ထဲမှ ထန်းဟူးလူး(သကြားလုံးတုတ်ထိုး)လုပ်နေလေသည်။
ရှစ်ဇွင်းအခန်းကိုတံခါးသွားခေါက်တော့ ။
"ဘယ်သူလဲ "
"တပည့်ပါ "
ကျုံရှစ်မှာရောက်ကတည်းကထိုအဝတ်အစားများအား ဆွဲချွတ်ကာထောင့်သို့ပုံလိုက်သည်။ လျော်ဖွပ်ပေးထားသော အနက်ရောင်ဝတ်ရုံကိုပြန်လည်ဝတ်ဆင်သောအခါမှ ရသောဆပ်ပြာနံ့ခပ်သင်းသင်းကြောင့် အန်ချင်စိတ်တွေပျောက်သွားရသည်။
ရိပေါ် ကျုံရှစ်အခန်းထဲဝင်တဲ့အချိန် ထိုင်ငိုလုမတတ်ဖြစ်သွားသည်။ ပြန့်ကျဲနေသောစာရွက် စာလိပ်တွေ ချွတ်ချထားတဲ့ဝတ်ရုံတွေ စုတ်ဖြဲကာပစ်ထုတ်ထားသည့်စာရွက်တွေ စုပုံထားသောသံကြေးတက်နေတဲ့ဓားတွေ ထိုတွေထဲမှလွတ်သောတစ်နေရာတွင် သူ့ရှစ်ဇွင်းကထိုင်နေခြင်းဖြစ်သည်။
ဒီရှစ်ဇွင်းက တိုက်ခိုက်ဖို့နဲ့ကျင့်ကြံဖို့ကလွဲပြီး ဘာမှမသိတာလား။
"ဘာကိစ္စရှိလို့လဲ"
"အာ ဒီဟာ "
နီနီရဲရဲသကြားလုံးလေးများက ဝါးခွက်လေးထဲစီစီရီရီထည့်ထားလေသည်။
"ဘာလဲအဲ့ဒါ "
"သကြားလုံး ရှစ်ဇွင်းစားဖို့လုပ်လာတာ"
လက်ဖြင့်ဒီတိုင်းနှိုက်လိုက်တော့ ရိပေါ်ကအသင့်ဆောင်ထားတဲ့အဝတ်စကိုထုတ်ပြီး
လက်ကိုသုတ်ပေးလိုက်သည်။ဂိုဏ်းချုပ်ကျန်း က ကလေးထိန်းအဖြစ်ပို့ပေးလိုက်မှန်း အခုမှရိပ်မိတော့တယ်။
"ချိုတယ် ထပ်ရှိသေးလား"
"ရှိသေးတယ် တပည့်မက်မွန်ပင်အောက်ကိုယူလာပေးမယ် ရှစ်ဇွင်းအဲ့မှာသွားနေပါလား "
"ကောင်းတယ် "
"ရှစ်ဇွင်း ခဏနေပါဦး "
ဝယ်လာသောရက်ဖျာတစ်ခုကိုမထိုင်ခင် အမြန်သွားခင်းလိုက်ရသည်။
![](https://img.wattpad.com/cover/244294311-288-k770519.jpg)
VOUS LISEZ
Please Shizun , Don't Eat Mud !
Aléatoire⚠NOT TRANSLATION⚠ Type : Xianxia Novel. Pairing : Wang YiBo, Xiao Zhan. [ YIZHAN ] Starting Date : October 14 2020 Chinese Name - 请师尊,不要吃泥。 English Name - Please Shizun, Don't Eat Mud! Other Name - I'm His Master. Author - PlumWhite_Blossom . Story...