အပိုင်း - ( ၂၁ )

2.9K 165 12
                                    

* Volume 2 / Arc 1.5 *

[ ဖန်းဝန်ရေကန် ၊ နတ်ဘုရားနယ်မြေ ]

ဆန်းကြယ်လျှို့ဝှက်သောဖန်းဝန်ရေကန်သို့ စေလွှတ်ခြင်းခံရသောချင်ချူဂိုဏ်း၏တပည့်များမှာ သွားသည့်လမ်းတစ်လျှောက်တွင်ရှိနေသည့် မိစ္ဆာများနှင့်တောင်းခံသောအကူအညီများကို
အဖွဲ့လိုက်ဖြစ်စေ ၊ တစ်ယောက်ချင်းဖြစ်စေ ငြင်းပယ်သည့်စကားမဆိုဘဲဖြေရှင်းပေးကြသည်။

ချင်ချူဂိုဏ်းသားများမှာ တောင်းခံသောအကူအညီများနှင့် ပတ်သတ်လို့မည်သောအခါမှငြင်းပယ်ခြင်းမရှိပေ။
ချင်ချူဂိုဏ်းလို့တန်းသိစေသည့် လက်အနားတွင်ထိုးထားသည့်ဝါးရွက်လေးကို မြင်လိုက်သည်နှင့် သူတို့၏အခက်အခဲများကိုဖြေရှင်းပေးရန် တောင်းဆိုကြသည်။

အဖွားအိုအတွက်အိမ်ကူဆောက်ပေးရတာလည်းဖြစ်နိုင်သလို ၊ ပျောက်သွားသည့်ကလေးများကိုရှာပေးဖို့လည်း
တောင်းဆိုတတ်သည်။ ဒါမှမဟုတ်ဆေးကုသပေးဖို့အတွက်ပေါ့။

ထို့ကြောင့်အနိမ့်ပိုင်းကျင့်ကြံရေးလောကမှ လူများမှာအခကြေးငွေပေးရသော
တခြားသောဂိုဏ်းများထက် ချင်ချူဂိုဏ်းကိုသာအားကိုးကြသည်။

ထိုမြင်ကွင်းတွေကကြိမ်ဖန်များလာသောအခါ ခရီးတစ်ထောက်နားခိုက်တွေ့ကြသည့် တခြားသောဂိုဏ်းသားများကလှောင်ပြောင်ကြသည်။

" ဂိုဏ်းကနာမည်မရှိရှာတော့ အောက်ခြေသိမ်းအလုပ်တွေက
အစလုပ်ပေးနေရရှာတယ်။ သနားစရာပဲ ။"

အကြိမ်ပေါင်းများစွာလှောင်ပြောင် ၊ ရန်စသော်လည်း ချင်ချူဂိုဏ်းသားများမှာတစ်ချက်စောင်းငဲ့ကြည့်ဖို့ပင် အာရုံမလာခဲ့ပေ။

" ဒီမွဲပြာကျနေတဲ့ဂိုဏ်းကများ !"

မွဲတေနေတဲ့ဂိုဏ်းဟုကဲ့ရဲ့လိုက်သော်လည်း သူတို့၏ဂိုဏ်းဝတ်စုံများမှာ ချင်ချူဂိုဏ်းသားတွေထပ်စာလျှင်တော့ အကျည်းတန်လှသည်။

ကောင်းမွန်လှတဲ့ပိုးချည်တွေကို ကျုံရှစ်ဟန်ရှီကိုယ်တိုင်ရှာဖွေပေးထားတာဖြစ်လေသည်။
တကယ့်ဖြစ်ရပ်မှန်မှာတော့ သနားစရာပိုးမိစ္ဆာလေးမှာ
တစ်လလျှင်ပိုးချည်များစွာ ထုတ်ပေးနေသောကြောင့်ဖြစ်သည်။

Please Shizun , Don't Eat Mud ! Where stories live. Discover now