[ ရှစ်ဇွင်းရဲ့ ဆရာ ( ရှီးဖူး ) ]
ရှစ်ဇွင်းဖြစ်သူမရှိခဲ့သည့်အချိန်ခဏ ဟော်ရှန်းချင်းတောင်သို့ပြန်လာရသည့်အချိန်နှင့် လက်ရှိရှစ်ဇွင်းဖြစ်သူနှင့်ပြန်လာရသည့်အချိန်တွင် ကြုံရသည့်စိတ်အခြေအနေမှာ လွန်စွာကွဲပြားလျက်ရှိသည်။
မမြင်တွေ့တာကြာသည့်ရှစ်ဇွင်းမှာ စတွေ့သည့်အချိန်ကလိုမပြောင်းလဲပါသော်လည်း သူကတော့အရင်ကလိုကလေးငယ်လေးမဟုတ်တော့ဘဲ လူငယ်တစ်ယောက်အဖြစ်သို့ပြောင်းလဲကာ ရှစ်ဇွင်းနီးနီးအရပ်ရှည်လာလေသည်။
သို့ပေသိကျင့်ကြံရေးတိုးတက်နှုန်းကတော့မူ ဟင်း။
စံအိမ်ရှေ့သို့ရောက်သောအခါ။
" ရှန်းစစ် ထွက်လာခဲ့ !"
' ဟမ် ရှစ်ဇွင်းကဘယ်သူ့ကိုခေါ်နေတာလဲ ငါ့အပြင်တခြားဘယ်သူရှိသေးလို့လဲ '
မနာလိုမှုခပ်ပါးပါးက
ရိပေါ်ရဲ့နှလုံးသားထက်လွှမ်းခြုံလာသည်။" ရှန်းစစ် !"
ကျုံရှစ်ရဲ့လေသံအနည်းငယ်မြင့်လာသောအခါ ရိပေါ်လည်ပင်းထက်ရှိဆွဲကြိုးမှနေ ရှန်းစစ်ထွက်လာတော့သည်။
ချလွင် ချလွင် ~
ကျုံရှစ်ထက်သို့ ခြူသံတလွင်လွင်နဲ့ရောက်လာတော့သည်။
" ငါ့တပည့်ကို
မင်းရဲ့စွမ်းအင်သိုလှောင်တဲ့နေရာမှတ်နေတာလား ! "တပည့်ဖြစ်သူကို
နည်းနည်းလေးမှထိတာမကြိုက်သောကျုံရှစ်ခမျာ ရှန်းစစ်အားဆူပူတော့သည်။ ဒေါသထွက်ဖူးခြင်းမရှိသည့်အထွက် ဆူပူသည့်လေသံမှာလေပြည်အေးလေးနှယ်။ချလွင် ချလွင် ~
" အဲ့တာမင်းရဲ့သခင်ပဲ ကလန်ကဆန်မလုပ်နဲ့ ၊ ငါ့တပည့်ရဲ့ချီစွမ်းအင်ကိုမစုပ်ယူနဲ့ ၊ မင်းစကားနားမထောင်ရင်တစ်နှစ်ပတ်လုံး ဗျပ်စောင်းတီးပြမယ် "
ချလွင် ~
ဗျပ်စောင်းဟူသောအသံကြားသည့်အခါ ရှန်းစစ်မှာရိပေါ်ဘေးကပ်လို့ သခင်ဖြစ်သူအားချွဲနေတော့သည်။
" ဒါက "
ခပ်စူးစူးခံစားချက်ကြောင့် နှာခေါင်းမွှန်လာကာ ငိုမိတော့မည်ဟုခံစားရသည်။ သူ့ကိုထားခဲ့ရတဲ့အကြောင်းအရင်းက သူ့အတွက်ကိုယ်ပိုင်ဓားတစ်ချောင်းရှာပေးဖို့အတွက်တဲ့လား။
![](https://img.wattpad.com/cover/244294311-288-k770519.jpg)
ESTÁS LEYENDO
Please Shizun , Don't Eat Mud !
De Todo⚠NOT TRANSLATION⚠ Type : Xianxia Novel. Pairing : Wang YiBo, Xiao Zhan. [ YIZHAN ] Starting Date : October 14 2020 Chinese Name - 请师尊,不要吃泥。 English Name - Please Shizun, Don't Eat Mud! Other Name - I'm His Master. Author - PlumWhite_Blossom . Story...