အပိုင်း - ( ၁၉ )

1.5K 236 9
                                    

[ လော်ဟွားနယ်မြေထဲသို့ဝင်ရောက်ခြင်း ]

တစ်ယောက်နှင့်တစ်ယောက် ကြည့်မရသောရိပေါ်နဲ့ရှန့်ချွမ်မှာ မျက်နှာချင်းမဆိုင်ဘဲနေနေကြလေသည်။

" ခင်ဗျားကိုဆရာလို့မသတ်မှတ်နိုင်ဘူး။ "

'ရှစ်ဇွင်းကလွဲဘယ်သူ့ကိုမှဆရာမတင်ချင်ပါဘူး။'

"ငါလည်းမင်းကိုတပည့်လို့မသတ်မှတ်ပါဘူး။"

'တပည့်တစ်ယောက်ကိုလက်ခံရတာလွယ်တယ်များ ထင်နေလားမသိဘူး။ ငါ့ညီမနဲ့တင်တော်တော်အလုပ်များနေပြီ။'

" မင်းတို့နှစ်ယောက် အိမ်း "

ကိုယ့်အလုပ်နဲ့ကိုယ်မအားလပ်သော ကျုံရှစ်မှာ တပည့်နဲ့ရှန့်ချွမ်ကြောင့်ခေါင်းကိုက်လာတော့သည်။

" ရိပေါ် မင်းသူ့စကားနားမထောင်ရင် လော်ဟွားနယ်မြေထဲမဝင်ရဘူး။ "

" ရှန့်ချွမ် မင်းလည်းသူ့ကိုသေချာဂရုစိုက် ၊ သူကမင်းစောင့်ရှောက်သင်ကြားပြသပေးရမယ့်သူ !"

" ဒီနေ့မင်းဘာတွေလေ့လာနေတာလဲ။ "

" အစီအရင်နဲ့အင်းကွက်ဆွဲတာ"

" ဆေးပညာပိုင်းနဲ့ကာကွယ်ရေးပိုင်းက နားလည်ရဲ့လား "

" ဟုတ်ကဲ့ တပည့်နားလည်ပါတယ်။"

" အင်း ဆက်လေ့လာနေ ၊ သွားရဖို့ရက်ဘယ်လောက်မှမလိုတော့ဘူး။ မင်းကမတိုက်ခိုက်နိုင်ရင်တောင် ခုခံနိုင်ဖို့ပိုပြီးကြိုးစားသင့်တယ်။"

"ဟုတ်ကဲ့"

ကျုံရှစ်ပြောပြီးသည်နှင့် နံဘေးတွင်ခဏစောင့်ကြည့်နေပြီးနောက် ရှောင်းယွမ်ခန်းမသို့သွားတော့သည်။

ဂိုဏ်းတစ်ခုလုံးရဲ့တပည့်တွေစုရုံးနေသည့်အခါ ရောင်စုံနေသောပန်းလေးများအလား။
ဂိုဏ်းသခင်အားလုံးစုံသွားသောအခါ ကျန်းချင်းရှိုးမှရှေ့သို့ထွက်လာပြီး။

" ဒီတစ်ခေါက် ဖန်းဝန်​ရေကန်ကနတ်ဘုရားနယ်မြေဆီကို မင်းတို့သွားရမယ်။ ဖန်းဝန်ရေကန်ပွင့်ဖို့ကကိုးလလိုသေးတယ်။ မင်းတို့ကိုပေးထားတဲ့စာလိပ်ထဲက
အကြောင်းအရာတွေကိုသိပြီးပြီမလား "

Please Shizun , Don't Eat Mud ! Donde viven las historias. Descúbrelo ahora