[ ဒီရှစ်ဇွင်းကမင်းနဲ့အတူစျေးလိုက်ပေးမယ်။ ]
ရိပေါ်မှာ ဟော်ရှန်းချင်းတောင်တစ်တောင်လုံးအား အိမ်တစ်လုံးလိုရှင်းလင်းပြီးနောက် မဆာလောင်တာကြာသော ဗိုက်မှာ စားသောက်ဖို့အချက်ပြနေတော့သည်။
ချက်ပြုတ်ဖို့ကလည်း ဘာမှမရှိ။ မစားရတာတစ်ပတ်ရှိလုနီးပါးတွင် သူ့ရဲ့အရသာခံနိုင်စွမ်းပျောက်သွားသလိုခံစားနေရသည်။
ရှစ်ဇွင်းဖြစ်သူမှာလည်း ဖြစ်သူမှာလည်း ငါတော့ဘာလို့ငါ့ထပ်ကြီးတဲ့သူကို ထိန်းနေရတယ်လို့ခံစားနေရတာလဲ မသိဘူး။
သေသေချာချာရှင်းလင်းထားသော မြေပြင်တစ်လျောက် ရှစ်ဇွင်းဖြစ်သူမှာ ဟိုနေရာထိုင်ချလိုက်ဒီနေရာထိုင်ချလိုက်နဲ့။
မထိုင်ချပါနဲ့လို့သွားပြောလို့လည်းမရ။ အခုလည်းထိုသူမှာမျက်စိမှိတ်ထားလျက် တရားထိုင်နေလေသည်။
သူဗိုက်ဆာနေတာကို ဘယ်လိုပြောပြရမလဲ။ တောင်တစ်တောင်လုံးမှာစိမ်းစိုနေသော်လည်း စံအိမ်ရှေ့ရှိမြင်ကွင်းမှာတော့ ဝါထိန်ထိန်လေးနှင့် အရောင်စုံသောနှစ်ရာချီသည့်
အပင်တစ်ချို့လည်းရှိနေလေသည်။သိချင်စိတ်နဲ့မေးကြည့်တဲ့အခါ။
"အဲ့အပင်တွေကြည့်ရတာအမြင်လှလို့ နှုတ်လာခဲ့တာ"
သေချာစိုက်ပျိုးထားခဲ့သည်ဟုထင်ခဲ့သည်မှာ တက်တက်စင်အောင်ကိုလွဲ။
အအေးပိုင်းဆုံးဒေသတွင်သာပေါက်လေ့ရှိသည့် မေဟွားပင်ကြီးကိုလည်း မြောက်ပိုင်းကနေနှုတ်လာခဲ့သည်ဟု ဆိုသည်။တစ်နှစ်ပတ်လုံးအေးနေစေပြီး အပွင့်များပွင့်ဖူးစေရန် ရေခဲမိစ္ဆာထံမှအမြုတေအား ထုတ်ယူပြီး ရေခဲအဆီအနှစ်တစ်ချို့ဖြင့် စိုက်ပျိုးထားသည်ဟုဆိုလေသည်။
မေဟွားပင်အနားရောက်သည့်အခါအေးနေသည်မှာ မထူးဆန်းတော့။ သူ့ရှစ်ဇွင်းကတော့အအေးဒဏ်အား နှစ်သက်သည့်နှယ် ထိုအပင်အောက်တွင်အမြဲနေလေသည်။
သူမရှိခင်ကရော အဲ့မှာပဲနေတာလား မြေကြီးထဲတွင်းအောင်းနေတာလား စံအိမ်တစ်ခုလုံးဖုန်တက်တဲ့အထိပစ်ထားပုံပေါက်ရင်။
KAMU SEDANG MEMBACA
Please Shizun , Don't Eat Mud !
Acak⚠NOT TRANSLATION⚠ Type : Xianxia Novel. Pairing : Wang YiBo, Xiao Zhan. [ YIZHAN ] Starting Date : October 14 2020 Chinese Name - 请师尊,不要吃泥。 English Name - Please Shizun, Don't Eat Mud! Other Name - I'm His Master. Author - PlumWhite_Blossom . Story...