အပိုင်း - ( ၁၅ )

1.5K 240 2
                                    

[ မိန်းကလေးတစ်ယောက်ကိုပစ်ချလို့မရဘူး ]

' ကျုံရှစ်ဟန်ရှီ  ဘယ်အချိန်ရှေ့တိုးပြီး
ဘယ်အချိန်နောက်ဆုတ်ရမယ်ဆိုတာကို တကယ်မသိတာပဲ ´

ဝတ်ဆင်ထားသောအနက်ရောင်ဝတ်ရုံထက်တွင် သွေးများစွန်းထင်းလျက်။ နာကျင်မှုဆိုသည်ကိုမသိသည့်အလား မိစ္ဆာဝိညာဥ်အားဖျက်စီးပစ်နိုင်ဖို့ကိုသာ အာရုံစိုက်နေသည်။

" သိုဝှက်သောလမ်းစဥ် နှောင်ကြိုးမဲ့အစီအရင် !"

ကိုင်စွဲထားသောချန်လဲ့မှာ ပုံရိပ်ယောင်များစွာကွဲထွက်သွားပြီး လှောင်ချိုင့်ပုံသဏ္ဍာန်ဖြစ်ပေါ်ကာ မိစ္ဆာဝိညာဥ်အားဖုံးလွှမ်းသွားသည်။

'ရှင့်ရဲ့ရှီးဖူးကလည်း ဒီအစီအရင်ပဲသုံးခဲ့တာ ကြည့်ရတာရှင်တို့မှာတွယ်ငြိစရာတွေမရှိတဲ့ပုံပဲနော်။ အော်ဒါနဲ့ ရှင့်တပည့်လေးရဲ့ပုံစံကိုမြင်ချင်လား ´

စူးဝါးတဲ့အော်သံနဲ့အတူမိစ္ဆာဝိညာဥ်မှာ
ပျောက်ကွယ်သွားရသည်။

' ကျွန်မဒီထက်ပိုပြီးကြိုးစားခဲ့သင့်တယ်။ စွမ်းအားမရှိတော့ရုပ်သေးတွေက သုံးစားလို့ကိုမရဘူး။ ´

နှောင်ကြိုးမဲ့အစီအရင်အားတစ်ခါအသုံးပြုတိုင်း စိတ်ခံစားချက်များမှာဆယ်ပုံပုံလျှင် တစ်ပုံမှာပျောက်ဆုံးသွားတတ်သည်။

နှလုံးသားထက်ကိန်းအောင်းနေသည့် အနွေးဓာတ်ပျပျလေးမှာ မှိန်ဖျော့သွားကာ မျက်ဝန်းအောက်ခြေတွင်
အေးစက်မှုများဖြစ်ထွန်းလာသည်။

" ထပ်ပြီးမကြိုးစားပါနဲ့ ၊ ကျွန်တော်ထပ်ပြီးသည်းခံပေးနိုင်မှာမဟုတ်တော့ဘူး။ ဒါကနောက်ဆုံးအကြိမ်ဖြစ်ပါစေ။ "

မြို့တံတိုင်းနောက်ကွယ်မှ
အစီအရီထွက်ပေါ်နေသည့်အသံများအား မကြားသည့်အလားဟန်ဆောင်လို့ သုံးရာသီအစီအရင်အားထပ်မံရေးဆွဲနေခဲ့သည်။

' ကျုံရှစ်ဟန်ရှီ ကျုံရှစ်ဟန်ရှီ ရှင့်ရဲ့စိတ်ပျက်စရာအစီအရင်တွေက နောက်ထပ်နှစ်သုံးဆယ်လောက်ဆို အသုံးမဝင်နိုင်တော့ဘူး။ ဘာလို့များအပင်ပန်းခံနေလဲစဥ်းစားမရဘူး။ ´

Please Shizun , Don't Eat Mud ! Donde viven las historias. Descúbrelo ahora