အပိုင်း - ( ၁၀ )

2K 293 33
                                    

[ ဒီရှစ်ဇွင်းက ကုချင် (ဗျပ်စောင်း) တီးခတ်ရာတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင် ]

ကျန်းချင်းရှိုးပေးအပ်လိုက်သည့် တာဝန်အားဆောင်ရွက်ပြီး ကျုံရှစ်တစ်​ယောက် ဝေးလံသောနေရာဖြစ်သည့် နတ်ဘုရားတောင်ကြားဆီသို့ ဆက်လက်လှမ်းလာခဲ့သည်။ 

နတ်ဘုရားတောင်ကြားဆီသို့မရောက်ခင် မြို့သုံးမြို့ကိုဖြတ်သန်းရသေးသည်။
ဝေ့လင်း ၊ ကွမ်းကျို့ ၊ သဲဖုန်း တို့ဖြစ်လေသည်။

ဝေ့လင်းနဲ့ကွမ်းကျို့အား ချန်လဲ့ဖြင့်မြို့ပေါ်မှဖြတ်သွားပြီး နောက်ဆုံးမြို့ဖြစ်သည့် သဲဖုန်းသို့ရောက်သောအခါ တစ်ထောက်နားလျက် မြို့ထဲပတ်ကြည့်ကာဖြင့် ခရီးဆက်သည်။

မြို့သုံးမြို့ကိုကျော်လွန်လို့ လူသူအရောက်နည်းသော တောအုပ်များထံ ဆက်သွားရလေသည်။ ချန်လဲ့ဖြင့်သွားလျှင်တစ်ပတ်သာကြာသော ခရီးလမ်းအား ရက်ပေါင်းသုံးဆယ်ကြာမှရောက်လာလေသည်။

လမ်းတွင်တွေ့ရသည့် အပင်များထံမှမှည့်ဝင်းနေသော အသီးများအား စူးစမ်းနေသောကြောင့်ဖြစ်သည်။ သူမသိသည့်အသီးများအား ချန်ရှင်းအိတ်ထဲသို့ပစ်ထည့်သည်။

ဝါ​တောက်နေသောသစ်တော်သီးအား ကိုက်ဝါးနေရင်း ချိုမြိန်သောအရသာမရရှိဘဲ ချဥ်လှလေသည်။
ရာသီချိန်ကျော်သွားလို့လား။

နတ်ဘုရားတောင်ကြားသို့ အရင်လို အရှိန်အဝါတွေထုတ်လွှတ်ပြီးမလာတော့ဘဲ သစ်တော်သီးဝါးလို့ အေးဆေးသာလမ်းလျောက်လာခဲ့သည်။

ထိုနေရာအားစောင့်​ကြပ်သောအစောင့်ဖြစ်သည့် နဂါးမှာ ကျုံရှစ်ကိုမြင်သည်နှင့်
တောင်ကြားထဲသို့ပြေးဝင်သွားလေသည်။

ရေစက်ဆိုးတွေရှိတယ်မလား တောင်သခင်ဖြစ်ဖြစ်ချင်း နတ်လက်နက်အားလာရောက်ယူဆောင်သည့်  ငယ်ရွယ်လွန်းသည့်ကျုံရှစ်ကို အထင်သေးခဲ့သည်။ ဆယ်ကျော်သက်အရွယ်ကလေးက သူ့အားမြေပြင်ပေါ်တွင် အမြီးမှကိုင်စွဲကာ အားရပါးရရိုက်နှက်ခဲ့သည်ကိုအခုထိ အမှတ်ရနေတုန်းပင်။

"ထပ်ပြီးရောက်လာပြန်တာလား "

နတ်ဘုရားတောင်ကြားဖြစ်လာရခြင်းမှာ  ကောင်းကင်ဘုံကစစ်နတ်ဘုရားတိုင်းရဲ့  လက်နက်အားထုလုပ်ပေးသည့် ပန်းပဲဆရာ ရာထူးလျော့ခံရပြီး ​ဒီတောင်ကြားထဲတွင်ပိတ်လှောင်ခံထားရသောကြောင့် ဖြစ်သည်။

Please Shizun , Don't Eat Mud ! Donde viven las historias. Descúbrelo ahora