အပိုင်း - ( ၈ )

2.3K 323 20
                                    

[  ငါတပည့်လောက်တော်လား။ သို့ တပည့်လေးကိုကာကွယ်ရမယ်။  ]

ကျင့်ကြံရေးဂိုဏ်းပေါင်းစုံညီလာခံပွဲ သို့ရောက်ရန် လုံအန်းမြို့သို့ဖြတ်ရသေးသည်။ နန်ခဲ့နှင့်ကျူးကျီးတို့မှာ ကျုံရှစ်တို့ကို မစောင့်ဆိုင်းနိုင်တော့ဘဲ တပည့်တွေခေါ်ကာအရင်သွားနှင့်ရတော့သည်။

ဒီဆရာတပည့်သွားပုံနဲ့ကတော့ သူတို့နောက်ဆုံးမှရောက်မည့်ပုံပင်။

လုံအန်းမြို့သို့ရောက်တော့ ရိပေါ်နဲ့ကျုံရှစ်မှာ စားသောက်ဆိုင်တွေဘက်သွားကာ အရသာမြည်းစမ်းကြတော့သည်။

သူ့တပည့်လေးအားစဥ်းစားပြီး မြင်းနဲ့သွားနေပေမဲ့ နောက်တော့သူပါဓားပျံစီးရတာထက် မြင်းစီးရတာပိုကောင်းမှန်းသိလာလေသည်။

တောက်ပြောင်လွန်းတဲ့ဝတ်ရုံကိုချွတ်ချင်နေပေမဲ့ တပည့်လေးကတားမြစ်နေတာကြောင့် စိတ်မပါစွာဝတ်ထားရသည်။ ငါ့အတွက်အဖြူရောင်ကသိပ်ကို သန့်ရှင်းလွန်းနေတယ်။

လုံအန်းမြို့မှာတစ်ညတာအနားယူပြီး ခရီးဆက်တော့တောအုပ်တစ်ခုကိုဖြတ်ရလေသည်။
စီးနင်းနေသောမြင်းတွေက စကားနားမထောင်ကြတော့ဘဲ လူကိုခါချနေလေသည်။

ကျုံရှစ် မြင်းပေါ်မှအလျင်အမြန်ခွာလို့ တပည့်လေးကိုပါဂုတ်ကနေဆွဲမလို့ သစ်ပင်ထက်နေလေသည်။
မူမမှန်သောအနေအထားအားကြည့်ရင်း တစ်ခုခုလာနေတယ်လို့ခံစားနေရသည်။

"ရှစ်ဇွင်း တပည့်အသက်ရူကြပ်နေပြီ "

အားကိုလျော့ပေးလို့ ဂုတ်ကနေမဆွဲတော့ဘဲ လက်ကိုသာကိုင်ထားတော့သည်။ ရိပေါ်ဘယ်လောက်မြင့်လဲအောက်ကိုငုံ့ကြည့်တော့ မျက်လုံးပါပြာသွားရတယ်။

အဖေရေ အမြင့်ကြီးပဲ !

အားကိုးတကြီးဖြင့်ရှစ်ဇွင်းဖြစ်သူရဲ့လက်အား
ဖက်တွယ်ထားလေသည်။ မည်မျှစောင့်ဆိုင်းနေမှန်းမသိ အလင်းရောင်ဆောင်ကျဥ်းပေးသောနေမင်းကြီး မရှိတော့ပေ။

တစ်ခုခုရှိနေမှန်းသိသော်လည်း အခုထိမမြင်ရသောကြောင့် ကျုံရှစ်စိတ်မရှည်တော့ တောအုပ်တစ်ခုလုံးကိုပြောင်းပြန်လှန်ရမလား လုပ်သင့်မလုပ်သင့်တွေးနေချိန် ဂိုဏ်းပေါင်းစုံညီလာခံကိုသွားဖို့ သတိရသွားတော့သည်။

Please Shizun , Don't Eat Mud ! Donde viven las historias. Descúbrelo ahora