"ဗျာ ဘာလို့လည်းမေမေ၊ "
"ဘာဖြစ်ရမှာလည်း၊ မေမေနဲ့ Yoonနဲ့တိုင်ပင်တာ၊ အထူးသဖြင့် သားဦးလေးလက်ကလွတ်အောင်"
"ဟင်၊ Soekjinနဲ့လက်ထပ်ရုံနဲ့ ဘယ်လို့လုပ်ဦးငယ်လက်ကလွတ်မှာလည်း"
"အဲ့တာနောက်ပြောပြမယ်၊ သားအခုလက်ခံလားလက်မခံဘူးလားပဲပြော"
"သားမသိသေးဘူးမေမေ၊ မနက်ဖြန်ညနေကြအဖြေကိုသားပေးမယ်၊အခုတော့သေချာစဉ်းစားဦးမယ်"
Yoon Naသူ့သားသည် Iq 148 ရှိသော်လည်းထိုကိစ္စကိုစဉ်းစားပါရစေပြောသောကြောင့်သဘောမတွေ့လှ၊ သို့သော်လည်း သား၏ ကိုယ်ရေးကိုယ်တာကိစ္စမို့ အရမ်းမစွက်ဖက်ခြင်။သေချာပေါက် သားလက်ခံမှာပါ သားကတာဝန်မဲ့တဲ့ယောင်္ကျားတစ်ယောက်မှမဟုတ်ပဲ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
"Hello, Kim Namjoonနဲ့ပြောချင်လို့"
"ဟုတ်ပြောနေပါတယ်"
"Namjoon, လက်ထပ်ပွဲကို ငြင်းပေး"
"ဘာလို့လည်း"
"ငါမင်းနဲ့လက်မထပ်နိုင်ဘူး"
"ငါလည်းမေမေ့ရောဂါအခြေအနေကြောင့်လက်မခံရင်မရဘူးကွ"
"ဘာ၊ ဟင်း အန်တီကဘာဖြစ်လို့လည်း"
"မေမေကနှလုးရောဂါရှိတယ်။ ပြီးတော့ဒီကိစ္စကိုလည်း တောင်းဆိုထားတော့မေမေ စိတ်ပျက်အောင်မလုပ်ချင်ဘူး"
"ဟာ၊ ကျစ်၊ "
Soekjinစိတ်အိုက်အိုက်နဲ့ ဖုန်းချကာညည်းညူမိသည်။ မိမိဘက်ကငြင်းဖို့ကြပြန်တော့ ၊မားကငယ်ငယ်ကတောင်မသုံးဘူးတဲ့အာဏာနဲ့ တစ်ချက်လွတ်အမိန့်ထုတ်ထားသည်။ ဒီမင်္ဂလာပွဲကိုမငြင်းရဘူးတဲ့။
"ဟာ၊ ဒီလူနဲ့မှဘာလို့ရေစက်လာပါနေရတာလည်း၊။လခွီးပဲကွာ"
လေပူတွေကိုမှုတ်ထုတ်ပြီး ရေချိုးရန်သာပြင်ဆင်လိုက်သည်။
စက္ကန့်ကိုမိနစ်စား မိနစ်ကိုနာရီစား နာရီကိုရက်စား နှင့် မင်္ဂလာပွဲအချိန်ကိုရောက်လာခဲ့သည်။ မင်္ဂလာကိစ္စကို Soekjinလက်ခံခဲ့သော်လည်း စိတ်ဝင်စားချင်းအလျင်းမရှိ၊ မင်္ဂလာကိစ္စဆောင်ရွက်ရာတွင်လည်းပါဝင်ကူညီချင်းမရှိခဲ့ပေ။ ထို့အတူ Namjoon မှာလည်းအလုပ်သာအကြောင်းပြ၍ မင်္ဂလာပွဲစီစဉ်တာကိုအမြဲရှောင်ထွက်လေ့ရှိသည်။ သူမဖြစ်စေချင်တာပျက်ပါစေတဲ့သဘောပါ။

YOU ARE READING
Love of red lines
FanfictionNamjoon၊-အမှန်တော့ငါတို့တွေက မဆုံသင့်တဲ့မျဉ်းပြိုင်နှစ်ကြောင်းပါ။ ချစ်ခဲ့တယ်Soekjinမင်းမသိခဲ့ပါဘူး။ Soekjin- ငါ့ရဲ့မျက်ဝန်းတွေကိုမင်းမှသေချာမကြည်ခဲ့ပဲ။ ဖွင့်မပြောခဲပေမယ့် မင်းသိခဲ့သင့်တယ်။ ချစ်တယ်၊မင်းမသိနိုင်ပါဘူး။